Chapter 19

133 32 12
                                    

𝐃𝐢𝐝 𝐰𝐞 𝐠𝐞𝐭 𝐜𝐚𝐮𝐠𝐡𝐭?

❀❀❀❀❀

ဂယူဘင်း ဒီနေ့ကျောင်းသို့ အစောလာကာ မနေ့က ယုန်ပေါက်လေး လာမည့်အချိန်ကို နာရီတကြည့်ကြည့်ဖြင့် စောင့်နေမိသည်။ ကျောင်းတက်ခါနီး မိနစ် ၂၀လောက်အလိုမှာ မနေ့က လာကြိုသွားသည့် ကားအနက်က ကျောင်းဝင်းထဲ ဝင်သွားတာမလို့ ဂယူဘင်းလည်း ကျောင်းဝင်းထဲ ဝင်လိုက်သွားတော့သည်။

ကျောင်းဝင်းထဲရောက်တော့ ယူဂျင်းက ထိုကားပေါ်က သူကို နှုတ်ဆက်နေသည်။ ဂယူဘင်းကြည့်နေတုန်းမှာပင် ကားဟာလှည့်ထွက်လာပြီး ဘေးနားမှ ဖြတ်မောင်းသွားတာမလို့ ကားပေါ်မှသူကို တစ်ချက်ကြည့်လိုက်မိသည်။ မဆိုးပါဘူး ကြည့်ကောင်းပါတယ်။ ငါ့လောက်တော့ မချောပေမဲ့။

"ယူဂျင်းကျန်"

ယူဂျင်း ကျောင်းဆောင်ထဲ ဝင်မည့်အချိန် အနောက်က အသံကြောင့်ကြည့်လိုက်မိတော့ မနေ့က အစ်ကိုကြီး။ နာမည်က ဘာပါလိမ့်။

"ဂယူဘင်း ဟျောင်း?"

"ယူဂျင်းကျန်က နာမည်ကို မှတ်မိနေတာပဲ"

"ဟုတ်"

ယူဂျင်းလည်း အတန်းဘက်သွားနေရင်း ဘေးက တစ်ယောက်ယောက်ကြည့်နေသည်ဟု ခံစားရတာကြောင့် ကြည့်လိုက်တော့ ဂယူဘင်းဟျောင်းက ရှေ့တည့်တည့်ကြည့်မလျှောက်ပဲ ယူဂျင်းကို ကြည့်ကာ လျှောက်နေခြင်းပင်။

"ဟျောင်း ရှေ့ကြည့်လျှောက်လေ တိုက်မိကုန်မှ"

"မတိုက်မိပါဘူး"

ပြောပြီး ဘယ်လောက်မှ မကြာ လမ်းအကွေ့မှာ ဆရာကို ဝင်တိုက်မိသည်လေ။ ဝင်တိုက်မိတာကလည်း ကင်မ်ဂယူဘင်းကို တစ်စက်လေးမှပင် မကြည်သည့် ဆရာမလို့ ဘယ်ကတည်းက အကွက်ချောင်းနေသလဲ မသိသည့် ဆရာက သန့်ရှင်းရေးတဲ့လေ။ ယူဂျင်းကို ရှာလိုက်တော့ အရိပ်ပင် မတွေ့ရတော့။ ခံပေဦးပေါ့ ကင်မ်ဂယူဘင်းရေ။

တစ်ဖက်တွင်တော့ မနက်ခင်းအတန်းမရှိသည့် ထယ်ရယ်က အိမ်သို့ ပြန်လာပြီး အဒေါ်ကြီးနား ကပ်ချွဲကာ ဦးလေးကြီးအတွက် ထမင်းဘူးပြင်ဖို့ ကိုယ်တိုင် ပြင်ဆင်နေလေသည်။ နောက်ဆုံးတွင် လိုချင်သည့်အတိုင်း လှလှပပထွက်လာသည့် ထမင်းဘူးလေးအား ကြည့်ကာ ထယ်ရယ်မှာ ပါးချိုင့်လေးတွေပေါ်အောင် ပြုံးနေတော့သည်။

Arjussi Next Door 🚪Where stories live. Discover now