Chapter 24

109 20 4
                                    

𝟐 𝐲𝐞𝐚𝐫𝐬 𝐥𝐚𝐭𝐞𝐫...

"ဒယ်ဒီ ဒယ်ဒီ အဲ့တာဆို ဒယ်ဒီပြောတဲ့ ဒယ်ဒီ့ အချစ်ဦးနဲ့ လက်ထပ်ဖြစ်သွားလား"

"သားက ဘယ်လိုထင်လဲ"

နှုတ်ခမ်းနားတစ်ဝိုက် ခရင်မ်တွေဖြင့် ပေပွနေတာမလို့ ဟာအို တစ်ရှူးနှင့် သုတ်ပေးရင်း မေးလိုက်သည်။

"သားသားက ဒယ်ဒီ့အချစ်ဦးအကြောင်း ဘယ်လိုလုပ်မလဲ"

ဟာအို သား၏ ပါးလေးကို မွှေးကြူလိုက်ပြီး သားအား ပွေ့ချီကာ

"အခု ဒယ်ဒီ့အချစ်ဦးဆီ သွားမလို့ လိုက်မယ်မလား"

"ဟင် အဲ့တာဆို ပါပါးကကော"

"ရောက်ရင် သိမှာပေါ့ကွာ"

❀❀❀❀❀

"ဟင် ဖိုးဖိုးကြီးတို့ အိမ်ကြီးကော ဒယ်ဒီပြောတော့ ဒယ်ဒီ့ အချစ်ဦး အိမ်ဆို"

"ကဲပါ ဆင်းရင် သိလိမ့်မယ်"

သို့နှင့် သားကတော့ ရှေ့ကနေ ဦးဆောင်ဆင်းသွားပေမဲ့ ဟာအိုကတော့ အိမ်ထဲ မဝင်ခင် စိတ်ကို ပြင်ဆင်နေရသေးသည်။

"ဟဲဟဲ ယောက်ဖ"

အိမ်ထဲမဝင်ခင် အဝင်ဝမှာတင် မီးတောက်နေသည့် မျက်လုံးနှင့် ကြည့်နေသော ယောက်ဖအား မျက်နှာချိုသွေးရသည်။

"ဘာ ယောက်ဖလဲ။ မင်း ငါ့ညီလေးကို ဘာတွေ လုပ်လိုက်ပြန်ပြီလဲ"

"ဘုရားစူး ငါဘာမှ မလုပ်ပါဘူးဟာ"

"မင်းဘာမှ မလုပ်ပဲ ငါ့ညီက ဘာလို့ အိမ်ပေါ်က ဆင်းလာမှာလဲ"

'မင်းညီလေးကိုက ထစ်ခနဲဆို စိတ်ကောက်နေတာဟ'ဆိုတာကို ဟာအို စိတ်ထဲကနေသာ ပြောလိုက်သည်။ တကယ်တော့ ပြဿနာက ထိုမျှလောက် မကြီးပေမဲ့ ထယ်ရယ်လေးကိုက ဟာအိုနှင့် ယူပြီးကတည်းက တအားတွေ ရစ်လာတာ။

အဲ့တာကြောင့် ဟာအိုက ပြောလိုက်လျှင်လည်း ဦးလေးကြီးက မချစ်တော့ပါဘူးဆိုပြီး အိမ်ပေါ်ကနေ ဆင်းသွားပြီး ယောက္ခမအိမ်ရောက်သွားတတ်လွန်းလို့။ ဟာအိုမှာ မျက်နှာငယ်လေးနဲ့ ပြန်လိုက်ခေါ်ရသည်။ ကိုယ့်မှာ ယောက်ခမနဲ့ ယောက်ဖ မျက်နှာကြည့်နေရပါတယ်ဆိုမှ။

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

Arjussi Next Door 🚪Where stories live. Discover now