Chapter 21

119 27 6
                                    

𝐀𝐫𝐞 𝐰𝐞 𝐠𝐨𝐢𝐧𝐠 𝐭𝐨 𝐬𝐞𝐩𝐚𝐫𝐚𝐭𝐞?

❀❀❀❀❀

"အဲ့တော့ လန်ဒန်မှာကတည်းက မင်းပြောနေတဲ့ သူက ထယ်ရယ်ပေါ့။ မင်းထက် ၁၀နှစ်ငယ်ပြီး သဘောကျနေတဲ့ သူဆိုတာ ထယ်ရယ်ပေါ့။ ငါ့ရဲ့ ညီလေး ကင်မ်ထယ်ရယ်ပေါ့"

အခြေအနေအရ ဆိုဖာ တစ်ဖက်မှာက ဂျီအွန်းနှင့် မတ်ချူးက ထိုင်နေပြီး တစ်ဖက်တွင်တော့ ဟာအိုနှင့် ထယ်ရယ် ထိုင်နေသည်။

"ဟုတ်တယ် ငါပြောပြဖို့ ကြိုးစားနေတာပါ။ ဒီလိုကြီး သိသွားစေဖို့တော့ ငါလည်း မရည်ရွယ်ပါဘူး"

"အချိန်အားဖြင့် တွဲလာတာ နှစ်တွေကြာနေပြီကို ငါက မသိတဲ့အပြင် မြှောက်တောင် မြှောက်ပေးလိုက်မိသေးတယ်"

"ပြီးတော့ ထယ်ရယ် ဟျောင်းတို့ကတော့ လိမ္မာလိုက်တာဆိုပြီး ပြောနေတာကို ရည်းစားထားတတ်နေတာပေါ့"

ထယ်ရယ်က မျက်နှာငယ်လေးနှင့် ဟာအိုကို မော့ကြည့်တော့

"မင်း ကလေးကို အဲ့လိုတွေ မမဲနဲ့။ အချစ်ဆိုတာ မင်းပြောသလိုပဲ တားလို့မှ မရတာ"

ကိုယ့်စကားနှင့်ကိုယ် ပြန်ပတ်ခံလိုက်ရတာမလို့ ဂျီအွန်းမှာ ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်နေလိုက်ရတော့သည်။

"ပြီးတော့ ဘေဘီ ဘေဘီလည်း ဘာလို့ ကိုကို့ကို မပြောတာလဲ"

"ကိုကို့ကို ပြောရင် ကိုကိုက သဘောမတူမှာ သိလို့လေ။ ကျောင်းတုန်းကဆို ထယ်ရယ့်ကို လိုက်တဲ့ သူတွေကို ဘယ်လိုတောင် ရှင်းထုတ်ခဲ့သလဲ"

"ထားပါတော့လေ ဟာအို စတွဲကတည်းက ထယ်က ငါ့ညီမှန်းသိတာလား"

"သိပ်မကြာသေးပါဘူး မင်းအိမ်ကို စရောက်တဲ့ နေ့မှ သိရတာ"

"ငါ့အမှားပဲ ငါ့အမှား"

ကင်မ်ဂျီအွန်းတို့ တုံးချက်က ကိုယ့် ညီလေးနှင့် တွဲနေသည်ကို မသိပဲ အိမ်ပေါ်တောင် ခေါ်တင်လာသေးတာ။ ထိုကြောင့် ဟာအို အိမ်က ထွက်သွားတာ တော်သေးသည် တွေးနေတုန်း ကိုယ့် ညီလေးက ဟာအိုနဲ့ အတူတူနေတာပါဆိုတော့ ရင်ဝကို စောင့်ကန်ခံရပြန်ရော။

"ကိုကြီး ပါပါးကို မပြောသေးနဲ့နော်"

တစ်ချိန်လုံး ငြိမ်နေသည့် ညီဖြစ်သူက အခုမှ အသံထွက်လာတော့သည်။

Arjussi Next Door 🚪Where stories live. Discover now