Chapter 4

207 32 15
                                    

𝐈𝐠𝐧𝐨𝐫𝐚𝐧𝐜𝐞..

❀❀❀❀❀

ဒီနေ့ ကျောင်းဆင်းချိန်တွင် ဟာအို ချာတိတ်ထက်ပင် စောကာ ကားဂိတ်တွင် သွားစောင့်နေမိသည်။ အရက်သောက်ပြီး ဖြစ်ပျက်သွားသည့် နေ့ကစလျှင် ချာတိတ် သူ့ကို ရှောင်နေတာ တစ်ပတ်ရှိနေပြီ ဖြစ်သည်။

ဟာအိုမှာ တစ်ပတ်လုံးလုံး စဉ်းစားအဖြေထုတ်သော်လည်း ရုတ်ချည်းစိမ်းကားသွားသည့် ချာတိတ်ကို တွေးမရ။

ဟာအို ချာတိတ်လာရာလမ်းကို တမျှော်မျှော်နှင့် ကြည့်နေချိန် ဂီတာအိတ်လေး လွယ်ကာ ခေါင်းကို အောက်စိုက်ချကာ ထွက်လာသည့် ချာတိတ်ကို တွေ့သည်။ ဝင်တိုက်မိကုန်တော့မှာပဲဟု တွေးလိုက်မိသည်။

"အင့်"

ဟာအိုရှေ့တည့်တည့်တွင် ရပ်နေသည်ကိုတောင် မမြင်သည်အထိ ချာတိတ်လေးဟာ ခေါင်းကိုတစ်ချက်မမော့ပဲ လျှောက်လာတာ။ ဟာအိုကို ဝင်တိုက်မိမှ အသ့်ခနဲ အသံတစ်ချက်ထွက်လာကာ မော့ကြည့်လာသည်။

နောက်ပြီး ဟာအိုတွေ့တာနဲ့ ထွက်ပြေးဖို့ ကြံနေတဲ့ ပေါက်စကြောင့် ဟာအိုအမြန်ပင် ဆွဲထားရသည်။ ဟာအိုသိချင်ရတာကို မေးမှ ရမယ်။

"ဘာလို့ ကိုယ့်ကိုရှောင်နေတာလဲ ချာတိတ်"

"ဘာ.. ဘာမှ မဖြစ်ဘူး"

ထွက်ပြေးဖို့ ကြံနေသည့် ချာတိတ်လေးကို ဟာအိုပခုံးနှစ်ဖက်ကနေ ထိန်းကာ အနည်းငယ်အားထည့် ချုပ်ထားလိုက်သည်။

"ကိုယ့်ကို မရှောင်ပါနဲ့လား ချာတိတ်"

ထယ်ရယ့် မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်ကာ ပြောနေသည့် ဦးလေးကြီးရဲ့ အကြည့်တွေက ထယ်ရယ့်ကို ယစ်မူးစေသည်။

ဒီဦးလေးကြီးကလည်း ဟိုရက်က ကိစ္စကို ရှောင်ချင်လို့ပါဆိုတာကို အလိုက်ကမ်းစိုးမသိ ဒီလိုကြီးစောင့်ပြီး တည့်တိုးဆန်ဆန် မေးခွန်းပါ လာမေးနေသေးတာ။

တကယ်တော့ ဦးလေးကြီးနဲ့ ပတ်သက်ပြီး ထယ်ရယ့် ရင်ခုန်သံတွေ မူမမှန်တာ အရက်မသောက်ခင်ကတည်းက။ အစကတော့ ဦးလေးကြီးကို ဒီတိုင်း ခင်မင်လို့ လို့ထင်ခဲ့ပေမဲ့ အမြဲမူမမှန်တာ သတိထားမိချိန် ထယ်ရယ် ကိုယ့်ကိုယ်ပဲ မသိကျိုးနွံပြုနေခဲ့သည်။

Arjussi Next Door 🚪Where stories live. Discover now