Chapter 22

148 27 15
                                    

𝐖𝐡𝐚𝐭 𝐚𝐛𝐨𝐮𝐭 𝐟𝐮𝐭𝐮𝐫𝐞?

❀❀❀❀❀

ပါပါးနားတွင် မိသွားရချင်း၏ အကျိုးဆက်ကတော့ ထယ်ရယ်ဟာ အိမ်ထဲတွင် ပိတ်မိပြီး ဘယ်မှမသွားရပဲ ခြေချုပ်မိနေခြင်းပင်။ ထို့နေ့က ပါပါးက ထယ်ရယ်ကော ဦးလေးကြီးကိုပါ ဘာမှ မပြောမှ ထယ်ရယ့်ကို ဒေါသတကြီးဖြင့် ဦးလေးကြီးနားမှ ခေါ်လာပြီး ဒီနေ့အထိ စကားမပြောပဲ အကျယ်ချုပ်ချထားတော့သည်။

တစ်ရက်မျက်နှာလေး မမြင်ရရင်တောင် လွမ်းနေရသည်ကို အခုလို တစ်ပတ်ပြည့်သည်အထိ လူကိုမတွေ့ရသည့်အပြင် ဖုန်းနှင့်လည်း ဆက်သွယ်မရသည်မလို့ ထယ်ရယ်မှာ ပိုလို့ လွမ်းရပြီး အလွမ်းတို့ဟာ မျက်ရည်အဖြစ်သို့ ပြောင်းလဲသည်။ နောက်ပြီး အိမ်ရှေ့ထိ နေ့တိုင်းလာကာ ပါပါးကိုတောင်းပန်နေသည့် ဦးလေးကြီးကို ပါပါးက ခါးခါးသီးသီး ငြင်းနေလျက်။ ထိုပုံရိပ်ကိုမြင်ရတိုင်း ထယ်ရယ့် ရင်တွေနာရသည်။

ကုတင်ထက် လှဲလျောင်းနေရင်း ခေါင်းအုံးကြား မျက်နှာအပ်ကာ မျက်ရည်တို့ကို စိတ်လွတ်လက်လွတ် စီးကျခွင့်ပေးလိုက်တော့သည်။ တစ်ပတ်လုံး လွမ်းရသည်ကတစ်ကြောင်း စကားလုံးဝမပြောသည့် ပါပါးကြောင့် စိတ်မကောင်းဖြစ်ရသည်ကတစ်ကြောင်းနှင့် ငိုကြွေးနေရသည်မလို့ မျက်လုံးတွေပင် ကြိမ်းစပ်နေပြီ။

ဘယ်အချိန်အထိ သည်လို အခြေအနေနဲ့ ဆက်သွားနေရမှာလဲ။ ထယ်ရယ်လည်း လူငယ်တစ်ယောက်မလို့ သူများတွေလို အချစ်နဲ့ တွေ့ပြီး ပျော်ရွှင်ချင်သည်လေ။ ဒါကို ဘာလို့ သည်လောက်ထိ ခါးခါးသီးသီးဖြစ်နေရသလဲ နားမလည်နိုင်။ တစ်ယောက်တည်း အတွေးပေါင်းစုံနှင့် ငိုနေတုန်း တံခါးဖွင့်သံကြောင့် မျက်ရည်တို့အား ကပြာကယာ သုတ်လိုက်ရင်း စောင်ကို ခေါင်းမှ စခြုံကာ အိပ်နေလိုက်သည်။

"ထယ်ထယ်"

ကိုကြီးအသံကြားပေမဲ့ မသိသလိုသာ ဆက်နေရင်း ငြိမ်နေလိုက်သည်။

"အစားတော့ သေချာစားမှပေါ့"

ရည်းစားနဲ့ ကွဲနေတာကို ဘယ်သူက စားဝင်မှာလဲ။ သူကျတော့ မတ်ချူးများ ကနေဒါခဏသွားလို့ ကိုးရီးယားမှာ ကျန်ခဲ့ရရင်တောင် ခွဲရတာ တစ်နာရီမပြည့်သေးဘူး ကမဌာန်းရုပ်ထွက်နေပြီကို။

Arjussi Next Door 🚪Where stories live. Discover now