Chapter 5

218 30 14
                                    

𝐂𝐨𝐧𝐟𝐞𝐬𝐬𝐢𝐨𝐧??

❀❀❀❀❀

Big Ben Clock Towerတွင် ဦးလေးကြီးက ထယ်ရယ့် အနမ်းကို ယူသွားပြီးတဲ့ နေ့ကစလို့ နည်းမျိုးစုံနှင့် ထယ်ရယ့်ကို ပိုးပန်းတော့သည်။

မနက်ကျောင်းသွားတိုင်း ထယ်ရယ့် ဂီတာ အိတ်လေးသယ်ပေးတာမျိုး၊ ညနေ ကျောင်းဆင်းချိန်ဆို ထယ်ရယ့် လက်ကလေးကို ကိုင်ကြီး လမ်းလျှောက်ကြတာမျိုးကိုလည်း ဦးလေးကြီးက အတင့်ရဲစွာ လုပ်လာသည်။

တစ်ခါတလေကျရင်လည်း ထယ်ရယ့်ကို မထိတထိစကားလေးတွေနဲ့လည်း ရင်ခုန်အောင် လုပ်သေးတာ။ ထိုအချိန်မျိုးမှာ ထယ်ရယ်က ရှက်သွားပြီဆို "ကိုယ့် ရင်ခွင်ထဲ ဝင်နေလေ"ဆိုပြီး ပိုတိုးလို့တောင် စသေးတာ။

ထိုအခြင်းအရာတွေက ထယ်ရယ့်ကို ရင်မခုန်စေဘူး ပြောရင် ထယ်ရယ် ပေါ်တင်လိမ်ရာကျတာပေါ့။ ဦးလေးကြီးဘက်က အပြုအမူတစ်ခုတိုင်း၊ စကားတစ်ခွန်းတိုင်းက ဘယ်လောက်ထိ ထယ်ရယ့်ရင်ဘက်ထဲက အကောင်ငယ်လေးကို ခုန်စေလဲ ဦးလေးကြီးက သိရဲ့လား။

ဒါပေမဲ့ ထယ်ရယ်ကြောက်တာက ကိုကြီးရယ် ပါးရယ် ဂယူရယ်။ ကိုးရီးယားမှာတုန်းက ထယ်ရယ့်ကို လိုက်ရှုပ်တဲ့ သူတေကို ဘယ်လောက်ထိ ပညာပြခဲ့လည်း ထယ်ရယ် အသိဆုံး။ ထို့ကြောင့် အခုဦးလေးကြီးနဲ့ အကြောင်းကို ထယ်ရယ်မပြောရဲ။

"ကလင် ကလင် (ဖုန်းမြည်သံ)"

ထယ်ရယ် အတွေးထဲ နစ်မြောနေစဉ် ဖုန်းမြည်သံကြောင့် လက်ရှိလောကနှင့် ပြန်ဆက်သွယ်သွားတော့သည်။ ဖုန်းကို ကြည့်လိုက်တော့ မတ်ချူး Face Timeခေါ်လာတာပင်။ ထယ်ရယ်လည်း အမြန်ကိုင်လိုက်ပြီး

"မတ်ချူး"

"ထယ်ရယ် အဆင်ပြေတယ်မလား"

"အင်း ပြေတယ်"

"မတ်ချူး"

ထယ်ရယ် မတ်ချူးကို ခေါ်လိုက်ပြီး တစ်ခုခုကို ပြောရနိုး မပြောရနိုး စဉ်းစားနေသည်။

"ထယ်ရယ် ပြောစရာရှိနေတာလား"

မတ်ချူးဆိုတာကတော့ ထယ်ရယ့် သူငယ်ချင်းအရင်းလို့ ပြောစရာမလိုအောင်ပင် အရိပ်အကဲသိသူ။

Arjussi Next Door 🚪Where stories live. Discover now