Chapter 1

218 36 16
                                    

𝐖𝐞 𝐠𝐞𝐭 𝐜𝐥𝐨𝐬𝐞𝐫..

❀❀❀❀❀

ဟာအို လန်ဒန်ကိုရောက်ပြီး တစ်ပတ်အကြာတွင် ဆေးပညာ မဟာဘွဲ့အတွက် ကျောင်းတက်ဖို့ နေ့ရက်သို့ ရောက်လာခဲ့ပြီဖြစ်သည်။

ဟာအိုက တရုတ်နိုင်ငံ ဖူးကျန့် တက္ကသိုလ်မှာပဲ ဆေးပညာဘွဲ့ယူခဲ့ပေမဲ့ ဟာအို၏ အရည်အချင်းတွေကြောင့် လန်ဒန်ဆေးပညာအဖွဲ့၏ ပရောဂျက်များတွင် ခဏခဏပါဝင်ခွင့်ရသည်။ ထို့ကြောင့် အခုလည်း ဆေးပညာ မဟာဘွဲ့အတွက်ကို လန်ဒန်ရှိ နာမည်ကြီးတက္ကသိုလ်တွင် တက်ရောက်ဖို့ ကမ်းလှမ်းခံရခြင်းပင်။ ဟာအိုကိုယ်တိုင်ကလည်း လာရောက်ဖို့ အတွေးရှိတာကြောင့် ယခုအခွင့်အရေးကို လက်လွှတ်မခံခဲ့။

ရှပ်အပြာနုရောင်ကို စတိုင်ပန့် အနက်ရောင်နှင့် တွဲဝတ်ပြီး အဆုံးသတ်အနေနှင့် ရေမွှေးကို ဖြန်းလိုက်သည်။ နောက်ပြီး လိုအပ်သည့် စာတမ်းများကိုထည့်ပြီး ဂျူတီကုတ်အားဆွဲကာ ထွက်လာတော့ တစ်ဖက်အိမ်မှ ချာတိတ်လေးကလည်း ဂီတာအိတ်လေး လွယ်ကာ ထွက်လာသည်။ မနေ့ကတွေ့သည့်အတိုင်း beanieအဝါလေးတောင် ဆောင်းထားလိုက်သေးသည်။

"ဦးလေးကြီး ဟိုင်း"

"ဟိုင်း အောက်ဆင်းမလို့မလား အရင်သွားလေ"

"ကျေးဇူး ဦးလေးကြီး"

ဒီချာတိတ် ဦးလေးကြီးဆိုတာကို တအားကြိုက်နေလား မသိဘူး။ ဦးလေးကြီးချည်းကို ထပ်နေတာပဲ။ အောက်ထပ်ကိုရောက်သွားတော့ ဆက်မသွားသေးပဲ ရပ်နေသည့် ချာတိတ်။ တစ်ခုခုကို စောင့်နေတာပါဟု တွေးကာ ကျော်သွားမလို့ လုပ်ပေမဲ့ နောက်ကလှမ်းခေါ်သံလေးကြောင့် ဟာအိုလှမ်းကြည့်မိသည်။

"ဦးလေးကြီး ဟီး"

ရယ်ပြပြီး အနားပြေးလာသည့် ချာတိတ်ရဲ့ ပုံရိပ်လေးက နေရောင်ခြည်နဲ့အတူ တောက်ပလျက်။ ပြုံးနေလိုက်တာလည်း ပါးချိုင့်လေးတွေတောင် ပေါ်နေသည်အထိ။ ထိုအခိုက်အတန့်လေးက တကယ်တမ်း ၃စက္ကန့်လောက်သာ ကြာပေမဲ့ ကျွန်တော့အတွက်တော့ တစ်နှစ်လောက်ပင် ကြာသွားသလို။

"ဦးလေးကြီး ဘယ်သွားမလို့လဲ"

အနားရောက်လာပြီး ပခုံးကိုလှမ်းထိကာ မေးခွန်းမေးတော့မှ ကျွန်တော်လည်း သတိကပ်သည်။ အမြဲ သတိကြီးတဲ့ လူကြီးလည်း ချာတိတ်လေးနဲ့မှ သတိလက်လွတ်တွေကိုဖြစ်လို့။ နောက်ပြီး ရင်ခုန်သံတွေကလည်း ဗလောင်းဗလဲနှင့်။

Arjussi Next Door 🚪Where stories live. Discover now