Chapter 9

202 33 11
                                    

𝐋𝐨𝐧𝐝𝐨𝐧 𝐍𝐢𝐠𝐡𝐭..

❀❀❀❀❀

အချိန်တွေကြာလာသည်နှင့်အမျှ တစ်စတစ်စများပြားလာသည့် အမှတ်တရတွေကို ကြည့်ရင်း ဟာအိုပြုံးနေမိသည်။ ချာတိတ်နှင့်အတူ ဒိတ်ခဲ့သည်တွေကော နှစ်ယောက်အတူတူစားသောက်ခဲ့ကြတာတွေကောက ဟာအို၏ ဖုန်းမမ်မိုရီထဲတွင်အပြည့်။

နောက်ပြီး တဖြေးဖြေးနီးကပ်လာသည့် ချာတိတ်လေး နေရပ်ဆီ ပြန်ရမည့်ရက်အကြောင်း တွေးမိပြန်တော့ ဟာအိုမျက်နှာဟာ ပြိုတော့မည့် မိုးလိုပင်။ ဒါပေမဲ့လည်း ဟာအို လန်ဒန်တွင် ဘွဲ့ယူပြီးသည်နှင့် တရုတ်သို့မပြန်ပဲ ချာတိတ်ရှိသည့် ကိုးရီးယားတွင် အလုပ်ဝင်ဖို့ အစစအရာရာစီစဉ်နေပြီးသား။

ကလင် ကလင်..

ချာတိတ်ပုံလေးတွေ ကြည့်နေရင်း ဖန်သားပြင်ထက် "Kim Jiwoong"အမည်ဖြင့် ဖုန်းဝင်လာတော့ ဟာအိုစိတ်ထဲမှ ကြိမ်းဝါးလိုက်မိသေးသည်။

"ဟိုင်း ဟာအို ပြောပါဦး အခြေအနေလေး"

Facetimeပြောနေသည်ဖြစ်၍ ဟာအို၏ ပြုံးစစ မျက်နှာအူအရာအား ကြည့်ကာ ဂျီအွန်းက ဟာအိုကို ပိုစသည်။

"ဘာလဲ အဲ့လိုမျက်နှာဆို အဆင်ပြေနေတာလား"

"အင်း အရမ်းကို အဆင်ပြေနေတာ"

"တွဲကော တွဲဖြစ်နေပြီလား"

"အင်း ၅လလောက်ရှိသွားပြီ"

"အဲ့လောက်တောင် ကြာသွားပြီလား"

"ချာတိတ်ဘက်ကလည်း ငါ့ကို ခံစားချက်ရှိနေတာနဲ့ အဲ့လောက် မြန်မြန်ဖြစ်သွားတာ"

"ဂျန်ဟာအိုတို့ ကံကောင်းတာပဲ"

ဂျီအွန်းပြောသလိုပဲ ဟာအို ကံကောင်းပါသည်။ တကယ် ချာတိတ်သာ ပြန်မချစ်ဘူးဆိုလျှင် ဟာအိုဟာ လုံးဝထပ်မချစ်ဘူးလို့ ဆုံးဖြတ်ထားသည်အထိ။

"ဒါနဲ့ မင်းကောင်လေးနာမည်က ဘယ်လိုခေါ်လဲ။ ပုံမပြရင်တောင် နာမည်လေးလောက်တော့ မိတ်ဆက်ပေးပါဦး"

"အာ နာမည်လား နာမည်က.."

"ဒေါက်တာ ကင်မ် အရေးပေါ်ဌာနမှာ လူလိုလို့ ကူညီပေးပါဦး"

Arjussi Next Door 🚪Where stories live. Discover now