Chapter 3

212 32 21
                                    

𝐃𝐫𝐮𝐧𝐤𝐞𝐧 𝐦𝐞𝐦𝐨𝐫𝐲

❀❀❀❀❀

ကျောင်းပိတ်ရက်ပေမဲ့ ဟာအိုမနက်အစောကြီး နိုးနေမိသည်။ အကြောင်းကတော့ မနေ့ညက ထယ်ရယ်နှင့် အမှတ်တရလေးတွေကို ပြန်တွေးမိသွားတာကြောင့်ပင်။

ဘတ်စ်ကားပေါ်မှာ ကလေးတစ်ယောက်လို ပြုံးပျော်နေတဲ့ ပုံရိပ်လေးက အမှတ်တကယ် စွဲမက်ဖွယ်ကောင်းလွန်းလှသည်။ အသက် ၃၀သက်တမ်းထိ စီနီယာ မမ ဂျူနီယာ ညီမလေးများ၏ ပိုးပန်းမှု ပေါင်းစုံကို ခံခဲ့ရဖူးပေမဲ့ ဟာအိုကိုယ်တိုက်က စိတ်မဝင်စားသည်မလို့ နည်းပေါင်းစုံနှင့် ငြင်းခဲ့သည်။

ဒါပေမဲ့ အချစ်မှာ ကျရှုံးတဲ့အချိန်ကို ရောက်လာတော့လည်း ကိုယ့်ထက် ၁၀နှစ်လောက် ငယ်တဲ့ ချာတိတ်ကောင်လေးတစ်ယောက်တဲ့။ ကြည့်ရတာ ပထမဆုံး စတွေ့တဲ့ နေ့ကတည်းက အိတ်အကြီးကြီးကို မနိုင်မနင်းသယ်လာကတည်းက ဟာအိုနှလုံးသားလေး ပါသွားခဲ့တာထင်သည်။

ဒါပေမဲ့ ချာတိတ်က အသက်ငယ်သေးတဲ့အပြင် ရုပ်လေးလည်းရှိပြီး ကြည့်ရတာ မိဘအသိုင်းအဝိုင်းကလည်း ပြည့်စုံတဲ့ ပုံပင်။ ဟာအိုကလည်း မပြည့်စုံတာတော့ မဟုတ်ပေမဲ့ ချာတိတ်က သူ့လို လူကြီးကို မကြိုက်မှာ စိုးရိမ်တာ။

'ဪ ကျန်းဟာအိုရယ် အကြီးစား ခွဲစိတ်မှူတွေမှာ ကူခဲ့တုန်းကတောင် စိတ်မပူပဲ အခုမှ ချာတိတ်လေးတစ်ယောက်ကြောင့် စိတ်ပူနေရတယ်တဲ့။ ကြားလို့မှ မကောင်း'

ရုတ်တရက် သတိရသွားတာက သူ့သူငယ်ချင်း ဂျီအွန်း။ တရုတ်မှာ exchange student အနေနဲ့ ကျောင်းလာတက်ရင်း ဟာအိုနဲ့ အရင်းနီးဆုံး မိတ်ဆွေတွေ ဖြစ်သွားကြတဲ့ သူ။

ဟိုတလောကပင် သူ့ချစ်သူကောင်လေးကို လက်ထပ်ခွင့်တောင်းတာတွေ့လို့ ဟာအို ဂုဏ်ပြုစကားတောင် ဝင်ပြောလိုက်သေးသည်။ သူ့ကောင်လေးဆို ချာတိတ်နဲ့ မတိမ်းမရိမ်းလေး။ သူ့ဆီ အကြံတောင်းကြည့်ရင် ကောင်းမလား။

အတွေးကတောင် အလုပ်ထက် နောက်ကျနေသေးသည်။ ဟာအိုလက်က ဂျီအွန်းအား ဖုန်းခေါ်နေပြီး ဖြစ်နေပြီ။

"ဝေ့ ကျန်းဟာအိုတို့ ထူးထူးခြားခြား ဖုန်းတွေခေါ်လို့ပါလား"

Arjussi Next Door 🚪Where stories live. Discover now