"Pink house"
အဆောက်အဦးတစ်ခုလုံးကိုပန်းရောင်ခြယ်သထားပြီးအသုံးအဆောင်ပရိဘောဂပစ္စည်းမှန်သမျှပန်းရောင်တွေနဲ့ဖွဲ့စည်းထားတဲ့ဤကော်ဖီဆိုင်လေးကို pink house ဟုနာမည်ပေးထားသည်။
ဆိုင်လေး၏အပြင်အဆင်ကချစ်စဖွယ်ကောင်း
ပြီးနေရာထိုင်ခင်းကဆိတ်ငြိမ်လှတာမို့အေးအေးဆေးဆေးကော်ဖီသောက်ပြီးအနားယူချင်သူ
တွေအတွက်နှစ်လိုဖွယ်ကောင်းသည့်နေရာတစ်
ခုဖြစ်သည်။ထိုဆိုင်လေးတွင်ရောင်နီအလုပ်လုပ်နေသည်။ဒီနေ့ကတော့နေ့လည်ခင်းကစပြီးမိုးရွာနေတာမို့ဆိုင်မှာလူပါးနေသည်။ညနေခင်းကိုရောက်တော့မိုးကသဲသဲမဲမဲရွာချလာသည်။ကော်ဖီဆိုင်ရှေ့ကလမ်းမကြီးပေါ်တွင်မိုးနှင့်အပြိုင်သည်းထန်
စွာငိုကြွေးနေသည့်ကလေးတစ်ယောက်ကိုမြင်
ပြီးရောင်နီစိတ်မကောင်းဖြစ်နေမိသည်။ရောင်နီ့နာမည်အပြည့်အစုံကရောင်နီဦးဖြစ်သည်။သူငယ်ချင်းအချို့ကသူ့ကိုရောင်နီဟုခေါ်ကြသည်။အချို့ကချစ်စနိုးနဲ့ရောင်ရောင်ဟုခေါ်ကြသည်။သူကတော့ရောင်ရောင်လို့ခေါ်တာကိုမ
ကြိုက်ပေ။ယောင်တောင်တောင်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်နေသောကြောင့်ဖြစ်သည်။အခုချိန်မှာတော့သူယောင်တောင်တောင်လုပ်မနေချင်တော့သဖြင့်ဆိုင်အပြင်ဘက်ကိုပြေးထွက်သွားပြီးမိုးရေထဲမှာငိုနေတဲ့ကလေးကိုလက်ဆွဲပြီးခေါ်လာခဲ့သည်။ဆိုင်ထဲကိုပြန်ရောက်
လျှင်ကလေးကိုအချမ်းသက်သာသွားစေရန်ရေနွေးပူပူတစ်ခွက်တိုက်လိုက်သည်။ကလေးကမိုးရေတွေစိုရွှဲပြီးချမ်းတုန်နေသည်။ရောင်နီကစားပွဲပေါ်တင်ထားသည့်တစ်ရှူးဘောက်ထဲမှတစ်ရှူးတွေဆွဲထုတ်ပြီးကလေးမျက်နှာကိုသုတ်ပေးသည်။သူဝတ်ထားသည့်အပေါ်ဝတ်အင်္ကျီကိုချွတ်ပြီးကလေးကိုခြုံပေးသည်။ရုတ်
တရတ်လျှပ်စီးတစ်ချက်ဝင်းခနဲ့လက်ပြီးမိုးကြိုး
ပစ်သံထွက်ပေါ်လာသည်။"ဂျိန်း"
"အမေ"
ကလေးကအမေဟုအော်ကာရောင်နီ့ကိုအတင်းဝင်ဖက်သည်။ရောင်နီကကလေးကိုအလိုက်သင့်ပြန်ဖက်ပြီးနှစ်သိမ့်လိုက်သည်။