အခန်း(၂၄)

27 3 0
                                    

ရောင်နီကလင်းထိန်ကိုပြန်ပြီးမေးခွန်းထုတ်လိုက်သည်။

“ခင်ဗျားပြောတဲ့အခွင့်အရေးဆိုတာဘာအခွင့်
ရေးလဲ"

လင်းထိန်ကရောင်နီ့ကိုပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ကြည့်နေသည်။

“ကျွန်တော်သူ့ကိုဘာမှမပိတ်ပင်ခဲ့ဘူး။မတား
ဆီးခဲ့ဘူး။ကျွန်တော်တခြားလူတွေကိုအကူအညီပေးခဲ့သလိုမျိုးသူ့အပေါ်မှာလည်းလိုအပ်ရင်
အကူအညီပေးဖို့အမြဲတမ်းအဆင်သင့်ရှိနေခဲ့တာပဲ"

“သြော်ဟုတ်လား။မင်းကသူလိုအပ်ရင်အကူအညီပေးဖို့အမြဲတမ်းအဆင်သင့်ရှိနေခဲ့တယ်ပေါ့။အဟက်…မင်းသိလား။ငါတို့သခင်လေးကလေသူ့အကိုရဲ့အလုပ်ကိစ္စအတွက်ကူလုပ်ပေးရတုန်းကညအိပ်သွားရမဲ့ခရီးကိုညတွင်းချင်းပြန်လာခဲ့တယ်။မင်းကိုတွေ့ချင်လွန်းလို့အလုပ်ပြီးတာနဲ့မနားဘဲညကြီးမင်းကြီးပြန်လာခဲ့တာ။မင်းက
တော့သူပြန်လာတဲ့အချိန်မှာသိတောင်မသိဘူး။အိပ်မောကျနေပြီ။

အဲဒီတုန်းကငါတို့သခင်လေးဘယ်လောက်တောင်ပင်ပန်းခဲ့လဲသိလား။ရောက်ရောက်ချင်း
မင်းအခန်းထဲဝင်ကြည့်တယ်။မင်းကိုမြင်မှသူ
စိတ်ချမ်းသာတာ။

သူ့ပါးစပ်ကမင်းကိုဆိုရင်ဘေဘီ…ဘေဘီ…နဲ့ပါးစပ်ဖျားကကိုမချဘူး။မင်းကိုချစ်လွန်းလို့မင်းကိုလူတစ်ယောက်လို့တောင်မမြင်နိုင်ဘူး။လွတ်ကျရင်ကွဲသွားမဲ့ကြွေပန်းလေးတစ်ချပ်လိုမျိုးတယုတ
ယနဲ့တန်ဖိုးထားပြီးအရိပ်တကြည့်ကြည့်နဲ့ကို
ဂရုစိုက်တာ။

မင်းကျတော့ကောင်းလွန်းလို့ငါတို့သခင်လေးကိုလျစ်လျူ ရှုပြီးနေနိုင်လွန်းတယ်။မင်းအတွက်ဆိုရင်အမြဲတမ်းပျာယာတွေခတ်နေတဲ့ငါတို့သခင်လေးကိုတစ်ခါတစ်လေလေးတောင်မှအခွင့်အရေးပေးဖို့မစဉ်းစားခဲ့ဘူး။မင်းလူရောဟုတ်သေးရဲ့လား"

“ခွပ်"

Time,place,person ဘယ်တော့မှမရွေးတဲ့
သခွားမွှေးရဲ့လက်သီးကလင်းထိန်မျက်နှာပေါ်
ရောက်သွားသည်။အရက်မူးနေတဲ့လင်းထိန်ကလက်သီးတစ်ချက်နဲ့တင်ပုံလဲကျသွားသည်။ညိုမောင်ကလင်းထိန်ကိုအလျင်အမြန်ပွေ့ထူလိုက်ပေမဲ့ရောင်နီ့ရဲ့တွန်းလွှတ်ခြင်းကိုခံလိုက်ရသည်။
ရောင်နီကလင်းထိန်ရဲ့အင်္ကျီကော်လံစကိုဆောင့်ဆွဲလိုက်သည်။

The city in my heart (U&Z)Where stories live. Discover now