ဂျက်မျက်နှာသစ်ပြီးသွားတော့ရေချိုးခန်း
ထဲကထွက်မယ်အလုပ်မှာရေချိုးခန်းအမှိုက်ခြင်းထဲကဆေးထိုးပြွန်တစ်ချောင်းကိုမြင်လိုက်မိတာကြောင့်မျက်မှောင်ကြုံ့သွားမိသည်။သူ့အိမ်မှာဆေးထိုးအပ်တွေပြွန်တွေဘယ်ကရောက်နေရတာတုန်း။မျက်လုံးကစားကြည့်လိုက်တော့နံရံကပ်စင်လေးပေါ်က antibacterial ဆပ်ပြာရည်ဘူးကိုမြင်သွားသည်။လောလောလတ်လတ်သူမြင်ဖူးထားတာယောက်ဖကြီးပြတဲ့ဖုန်းထဲကဗွီဒီယိုဖိုင်တွေထဲမှာ။ဂျက်အခန်းထဲကနေပြေးထွက်လာခဲ့သည်။
“ကိုကိုထွန်း"
“ဟင်"
ကိုကိုထွန်းကဘေးတစ်စောင်းလေးလှဲအိပ်နေရာကသူ့ကိုလှည့်ကြည့်သည်။သူကိုကိုထွန်းဘေးမှာဝင်ထိုင်ပြီးကိုကိုထွန်းမျက်နှာ
ကိုငုံ့ကြည့်လိုက်သည်။“ကိုကိုထွန်းဝမ်းချူထားတာလား"
သူမေးတော့ကိုကိုထွန်းမျက်နှာနီရဲသွားသည်။တစ်ဖက်ကိုလှည့်ပြီးမျက်နှာကိုကွယ်
ဝှက်ဖို့ကြိုးစားနေသည်။ကိုကိုထွန်းနားရွက်နီနီရဲရဲလေးတွေကိုကြည့်ပြီးသူမယုံကြည်နိုင်စွာထပ်မေးမိသည်။“ကိုကိုထွန်း…ကိုကိုထွန်း"
“ဘာလဲမင်းဘာပြောမလို့လဲ"
“ကျွန်တော်သေချာသိချင်လို့မေးတာပါ။ဖြေပေးပါနော်။ကိုကိုထွန်းကျွန်တော့်အတွက်ကြိုတင်ပြင်ဆင်ထားတာလား။ရေချိုးခန်း
ထဲမှာဆေးထိုးပြွန်တွေ့ခဲ့တယ်"“ငါ…ငါရှက်တယ်။မမေးနဲ့"
“ဂွီ"
“ဟင်"
ကိုကိုထွန်းဗိုက်ထဲကမြည်သံထွက်လာသည်။
“ကိုကိုထွန်းဗိုက်ဆာနေတာလား။တမင်အ
ဆာခံနေတာလား။မနက်ကလည်းစွပ်ပြုတ်ရည်ပဲသောက်တယ်"“မမေးပါနဲ့ဆို"
“အဟင့်…ဟင့်…ဟီး"
မျက်နှာကိုလက်နဲ့ကွယ်ကာထားတဲ့ကြည်ဖြူကဂျက်ဆီကငိုသံကြောင့်အလန့်တကြားနဲ့ကြည့်လာပြီး-
“မင်းဘာဖြစ်လို့ငိုနေတာလဲ"
“ကိုကိုထွန်း…ကျွန်တော်အသက်ရှင်နေသမျှကာလပတ်လုံးကိုကိုထွန်းကိုပဲသစ္စာရှိရှိနဲ့ပေါင်းသင်းပါ့မယ်။ကိုကိုထွန်းနဲ့အတူနေခွင့်ရတဲ့တစက္ကန့်စီတိုင်းတစ်မိနစ်စီတိုင်းကိုတန်ဖိုးထားပါ့မယ်။ပြီးတော့…ပြီးတော့…ကျွန်တော်ယောက်ဖကြီးကိုအဖေအဖြစ်မွေးစားလို့ရလား"