အခန်း(၁၀၆)

33 5 0
                                    

ရှိုင်းနဲ့ရောင်နီဆေးရုံကပြန်လာပြီးနေ့ခင်းနှစ်နာရီအချိန်တွင်ဂျက်နဲ့ကြည်ဖြူထွန်းမင်္ဂလာလက်မှတ်ရေးထိုးကြသည်။ကျောင်းအုပ်ကြီး၊ဒေါက်တာရှိုင်း၊ရောင်နီနဲ့ရဲမှူးအံ့ထူးမော်တို့ကိုအသိသက်သေနေရာမှာထားပြီးရှေ့နေတစ်ယောက်ကိုဖိတ်ကြားကာလက်မှတ်ရေး
ထိုးခဲ့ကြခြင်းဖြစ်သည်။

မင်္ဂလာလက်မှတ်ရေးထိုးသည့်ကိစ္စတွေပြီးဆုံးသွားသည့်အခါဂျက်နဲ့ကိုကိုထွန်းကကျောင်းအုပ်ကြီးကိုမိဘနေရာမှာထားပြီးထိုင်ကန်တော့ကြသည်။ကျောင်းအုပ်ကြီးကဂျက်ကိုကြည့်ပြီး-

“ငါ့ညီလေးကိုငါမှာစရာရှိတယ်။မင်းတို့အောက်ထပ်မှာပဲနေခဲ့ကြ"

ကျောင်းအုပ်ကြီးကသူ့ညီကိုအိမ်အပေါ်ထပ်ခေါ်သွားသည်။ဘာတွေမှာတမ်းချွေနေသည်မသိ။တစ်နာရီနီးပါးကြာမှကိုကိုထွန်းအိမ်ပေါ်ကပြန်ဆင်းလာသည်။လက်ထဲတွင်စက္ကူဂျပ်ပုံးလေးပါလာသည်။ဂျက်ကိုကြည့်ပြီး“အကိုကလက်ဖွဲ့ပေးလိုက်တာ"ဟုပြောပြီးဘာစကားမှထပ်မပြောတော့ပေ။

ကိုကိုထွန်းမျက်နှာကသိသိသာသာပျက်ယွင်းနေသည်။ယောက်ဖကြီးကအိမ်ပေါ်ခေါ်သွားပြီးဘာတွေပြောလိုက်သည်မသိ။ကိုကိုထွန်းကိုမေးတော့လည်းကိုကိုထွန်းကမဖြေ။

နှစ်ယောက်အတူနေဖို့ကြိုတင်ပြင်ဆင်ထားခဲ့သည့်အိမ်အသစ်မှာကိုကိုထွန်းကိုဂျက်ခေါ်လာခွင့်ရခဲ့ပြီ။အခုတော့ခြံစောင့်တွေ၊အိမ်အ
ကူတွေ၊ထမင်းချက်တဲ့သူတွေနဲ့အိမ်ကအိမ်နဲ့တူအောင်ပြည့်စုံနေပေပြီ။မပြည့်စုံတာကကိုကိုထွန်းမျက်နှာမကောင်းဖြစ်နေတဲ့ကိစ္စပင်။တစ်ညနေခင်းလုံးစကားမပြောဘဲမှိုင်
တွေနေသည်။ညဘက်ရောက်တော့ကိုကိုထွန်းက-

“ငါတစ်ယောက်တည်းအိပ်ချင်တယ်"

“ဗျာ"

“တစ်ယောက်တည်းအိပ်ချင်တယ်လို့"

ကိုကိုထွန်းကသူ့တစ်ကိုယ်လုံးကိုစောင်နဲ့ပတ်ပြီးကွေးကွေးလေးအိပ်နေသည်။ဒီကကောင်ကချစ်လွန်းလို့မရမကလက်ထပ်ယူထားတာ။မင်္ဂလာဆောင်ပြီးမှအလှကြည့်နေရတာတော့မဟုတ်သေးဘူးလေ။လက်ထပ်ပြီးသားငါပိုင်တာပဲဆိုပြီးတော့လည်းဂျက်ဇွတ်မယူရဲပေ။ကိုကိုထွန်းစိတ်ဆိုးသွားမှာကိုသူသေမလောက်ကြောက်သည်။

The city in my heart (U&Z)Where stories live. Discover now