အခန်း(၇)

42 3 0
                                    

ရောင်နီနှင့်ရှိုင်းအိမ်ထဲကိုအတူတူဝင်လာကြသည်။ရောင်နီကအိမ်အပေါ်ထပ်ကိုတက်တော့ရှိုင်းကလည်းနောက်ပါးကထပ်ကြပ်မကွာပါလာသည်။ရောင်နီကလှေကားတစ်ဝက်လောက်ရောက်မှနောက်လှည့်ကြည့်ပြီး-

“ခင်ဗျားကဘာလိုက်လုပ်မလို့လဲ"

“မင်းအခန်းကိုလိုက်ကြည့်မလို့"

“ဒီအိမ်ကိုခင်ဗျားဝင်ချင်သလိုဝင်လို့ရတယ်။ကျွန်
တော့်အခန်းကိုတော့ဝင်ချင်သလိုဝင်လို့မရဘူး။ကျွန်တော့်အခန်းကကျွန်တော့်အပိုင်"

“ငါလည်းပိုင်တယ်"

“ဘာဗျ…ခင်ဗျားကဘာပိုင်တာလဲ"

“ငါကမင်းကိုပိုင်တယ်လေ။ဒီတော့မင်းအခန်းကိုလည်းငါပိုင်တာပေါ့"

ရှိုင်းစကားကြောင့်ရောင်နီဒေါသထွက်ပြီးမျက်နှာတစ်ခုလုံးနီရဲတွတ်နေသည်။

“ခင်ဗျားကဘာကိစ္စကျွန်တော့်ကိုပိုင်တာလဲ"

“အခုပိုင်အောင်လုပ်လို့ရတယ်လေ။အိမ်ထဲမှာငါတို့နှစ်ယောက်ပဲရှိတာ"

ရောင်နီနောက်ဆုတ်သွားမိသည်။လှေကားပေါ်မှာမို့အနေအထားကအဆင်မပြေ။အောက်ကိုဆင်းပြေးလို့လည်းမရ။အပေါ်တက်ပြေးရင်လည်းကိုယ်သေမဲ့ကျင်းကိုယ့်ဟာကိုယ်တူးသလို
ဖြစ်ဦးမည်။

“ခင်ဗျားတော်တော်အရှက်မရှိတဲ့လူပဲ"

“မင်းထင်ချင်သလိုထင်ပေါ့။ဒါပေမဲ့မင်းစိတ်ထဲကသိနေမှာပါ။မင်းငါ့ကိုမနိုင်ဘူးဆိုတာ"

ရှိုင်းကရောင်နီနှင့်မျက်နှာချင်းဆိုင်ရပ်ပြီးလှေကားလက်ရန်းကိုလက်နှစ်ဖက်နှင့်ထောက်လိုက်သည်။ရောင်နီကသူ့လက်နှစ်ဖက်ကြားမှာ
ကြုံ့ကြုံ့လေးဖြစ်နေပြီးမျက်နှာကရှိုင်းရင်ဘတ်
ကိုအပ်မိတော့မည်။ရှိုင်းကရောင်နီ့မျက်နှာကိုဆွဲမော့ပြီး-

“ဘေဘီကိုကို့စကားကိုနားထောင်နော်။မဟုတ်
ရင်ကိုကိုမြွေဟောက်ကြီးကဘေဘီသခွားသီးလေးကိုတစ်ကိုယ်လုံးမြိုချပစ်မှာ"

ရောင်နီကြက်သီးထသလိုဖြစ်ပြီးတုန်သွားသည်။ရှိုင်းကရောင်နီ့ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ပြီးအပေါ်ထပ်သို့မျက်နှာမူကာတွန်းတင်လိုက်သည်။ရောင်နီလေးပင်သောခြေလှမ်းများနှင့်အပေါ်ထပ်ကိုတက်လာခဲ့ရသည်။

The city in my heart (U&Z)Where stories live. Discover now