ရောင်နီကရှိုင်းတေဇရှေ့ကိုရောက်ရောက်ချင်း
မေးလိုက်သည်။“သွေးလိုတယ်ဆို"
“အင်း…အရေးပေါ်ခွဲစိတ်ရမှာမို့။သွေးသွင်းဖို့
လည်းလိုနေလို့"“ဒါဆိုသွားမယ်"
ရောင်နီကပြောပြောဆိုဆိုကောင်တာက တာ
ဝန်ကျသူနာပြုဆီသွားသည်။ရှိုင်းလည်းသူ့နောက်ကလိုက်သွားသည်။သူနာပြုကသူတို့နှစ်ယောက်ကိုသွေးလှူရမည့်နေရာခေါ်သွားပေးသည်။သွေးဖောက်မည့်နေရာတွင်တာဝန်ကျနေသည့်ဆရာမကရောင်နီ့ကို body weight ချိန်သည်။
သွေးပေါင်ချိန်တိုင်းသည်။ပြီးတော့ဖောင်စာရွက်
တစ်ရွက်ပေးသည်။ရောင်နီကဖောင်စာရွက်ကိုယူပြီးဖောင်ဖြည့်သည်။ရောင်နီ့ကိုကြည့်ရတာလုပ်ရိုးလုပ်စဉ်တစ်ခုကိုလုပ်နေသလိုပင်။ဖောင်စာရွက်ကိုဖတ်ကြည့်ပြီးအချိန်အကြာကြီးစဉ်းစားနေတာမျိုးမရှိ။သွက်လက်စွာပင်ဖြည့်သွားသည်။
ရောင်နီဖောင်ဖြည့်ပြီးသွားတော့ရောင်နီ့ကိုသွေး
ဖောက်သည်။သွေးဖောက်သည့်အပ်ကအကြီး
ကြီး။ရောင်နီကနဲနဲလေးမှတွန့်သွားခြင်းမရှိ။ရှိုင်းနှင့်သူ့လူနှစ်ယောက်ကအနားကနေစောင့်
ကြည့်နေကြသည်။ nurse ကရှိုင်းကိုပြောလိုက်သည်။“သွေးလှူရှင်ကသွေးဖောက်ထုတ်ပြီးသွားရင်သွေးပေါင်ကျသွားနိုင်တယ်။မတော်တဆမူးလဲတာမျိုးလည်းဖြစ်သွားနိုင်တယ်။ဒါကြောင့်သူ့ကိုအချိုရည်အေးအေးလေးဝယ်တိုက်လိုက်ပါ"
ညိုမောင်ကရှိုင်းကိုတစ်ချက်ကြည့်ပြီးအချိုရည်
ဘူးဝယ်ဖို့ထွက်သွားသည်။ညိုမောင်ပြန်လာတော့အချိုရည်ဘူးမျိုးစုံပါလာသည်။ရောင်နီကဘာ
သောက်ချင်မှန်းသူမသိတာကြောင့်အမျိုးစုံအောင်ဝယ်လာခြင်းဖြစ်သည်။ရောင်နီကသူ့ရှေ့ရောက်လာတဲ့အချိုရည်ဘူးတွေထဲကပဲနို့တစ်ဘူးကိုယူသောက်ပြီးခုတင်ပေါ်ကဆင်းလိုက်သည်။
“ဒါပဲမို့လားပြန်တော့မယ်"
ရောင်နီကပြောပြီးချက်ချင်းထွက်သွားတော့
ရှိုင်းကြောင်သွားသည်။