ရှိုင်းနဲ့ရောင်နီဆေးရုံကပြန်ကာနီးကားပါကင်ဆီထွက်လာတော့မိန်းကလေးနှစ်ယောက်နောက်ကနေပြေးလိုက်လာသည်။
“ဒေါက်တာရှိုင်း…ဆရာလေးရောင်နီ"
နှစ်ယောက်လုံးနောက်လှည့်ကြည့်မိကြသည်။ရှိုင်းက-
“ဘာလဲ"
“ကျွန်မတို့ဓာတ်ပုံရိုက်ချင်လို့။ဓာတ်ပုံရိုက်ပါရစေ"
ရှိုင်းရောင်နီ့ကိုကြည့်မိတော့ရောင်နီက-
“ဟာ…ရပါတယ်။ရိုက်ပါ…ရိုက်ပါ"
ပြောလည်းပြော။ချက်ချင်းပဲဘေးကိုရှောင်ထွက်သွားတဲ့ဘေဘီလေးကြောင့်ရှိုင်းမျက်
နှာကြီးမဲပုပ်သွားသည်။ဘာလဲဒါက…လူကိုအလှူကြီးပေးနေတာလား။ရက်ရက်ရောရောကိုပဲ။သဒ္ဓါတရားထက်သန်ပုံက။“ဘေဘီ"
“ဒေါက်တာရှိုင်း…ခင်ဗျားငြင်းလို့မရဘူး။ဒီမှာတွေ့လား"
ရောင်နီကမိန်းကလေးနှစ်ယောက်ဝတ်ထားတဲ့အင်္ကျီကိုလက်ညှိုးထိုးပြသည်။မိန်းက
လေးနှစ်ယောက်ကအင်္ကျီဆင်တူဝတ်ထားကြသည်။အဖြူဆွတ်ဆွတ်တီရှပ်အင်္ကျီရဲ့ရင်
ဘတ်နေရာမှာတေဇဖောင်ဒေးရှင်းရဲ့အမှတ်
အသားဖြစ်တဲ့သခွားမွှေးသီးပုံနဲ့အောက်မှာ We love Dr Shine ဟုစာတန်းရေးထားသည်။ရှိုင်းကစာကိုစိတ်မဝင်စားပေမဲ့သခွားသီးကိုတော့စိတ်ဝင်စားသည်။ဒီအသီးမြင်ရင်သူ့ကလေးမျက်နှာမြင်ရသလိုမျိုးစိတ်ကျေနပ်သွားတာမို့ရှိုင်းမျက်နှာကချက်ချင်းပဲအချိုးပြောင်းသွားသည်။တွန့်ချိုးနေတဲ့မျက်ခုံးတွေကပြေလျော့သွားပြီးဒီလိုမနေနဲ့ဒီလိုနေဆိုတဲ့အီမိုဂျိပုံထဲက smiling ပုံလေးဖြစ်သွားသည်။
မိန်းကလေးနှစ်ယောက်ကရောင်နီ့ကိုဓာတ်ပုံရိုက်ပေးဖို့အကူအညီတောင်းသည်။ရှိုင်းကလည်းမထူးဇာတ်ခင်းပြီးမိန်းကလေးနှစ်ယောက်အလယ်ကနေလက်မနဲ့လက်ညှိုးကိုအသဲပုံလေးလုပ်ပြီးပို့စ်ပေးပစ်လိုက်သည်။ရည်းစားကိုရေစက်ချပြီးလှူမဲ့ရောင်နီကစိတ်လိုလက်ရဓာတ်ပုံရိုက်ပေးသည်။
ဆေးရုံကအပြန်လမ်းမှာရှိုင်းထူးဆန်းတာကိုတွေ့လာရသည်။ညနေလေးနာရီဆိုတော့ရုံး
ဆင်း၊ကျောင်းဆင်း၊အလုပ်ဆင်းတဲ့အချိန်။လမ်းသွားလမ်းလာတော်တော်များများကအဖြူဆွတ်ဆွတ်အင်္ကျီပေါ်မှာသခွားမွှေးသီးပုံပါတဲ့တီရှပ်တွေဝတ်ထားကြသည်။ဒါဘယ်
လိုဖြစ်ရတာလဲ။
YOU ARE READING
The city in my heart (U&Z)
ספרות חובביםဒီမြို့လေးထဲမှာကျွန်တော့်ရဲ့နှလုံးသားရှိတယ်။