အခန်း(၉၀)

106 8 0
                                    

ရှိုင်းတစ်ယောက်ရောင်နီ့ကိုကလေးထိန်းသ
လိုလိုက်ထိန်းနေရတဲ့အချိန်မှာဂျက်ကတော့သာယာနေသည်။အကိုကြည်ဖြူကရောင်နီ့လိုမျိုးယစ်ထုပ်လေးမဟုတ်။မူးပြီးအိပ်ပျော်သွားတာဘာမှကိုမသိ။

ဂျက်ကတော့ထုံးစံအတိုင်းကိုကိုထွန်းလည်
ပင်းအောက်ကိုသူ့လက်မောင်းထိုးထည့်ပြီးခေါင်းအုံးကိုဆွဲနှုတ်လိုက်သည်။ကိုကိုထွန်းခေါင်းလေးကသူ့လက်မောင်းပေါ်မှာ။ကိုကိုထွန်းကိုအသာပွေ့ပြီးသူ့ရင်ဘတ်ထဲဆွဲထည့်လိုက်သည်။ကိုကိုထွန်းကတစ်နေကုန်ပင်ပန်းထားတော့တရှူးရှူးနဲ့အိပ်ပျော်နေသည်။သူလည်းပဲကြိုးစားပြီးအိပ်လိုက်သည်။

အိပ်မပျော်။တစ်ညလုံးနိုးတစ်ဝက်အိပ်တစ်
ဝက်နဲ့ဖြစ်နေသည်။ကိုကိုထွန်းကညောင်းလို့ထင်ပါရဲ့။လူးလွန့်သွားသည်။ပြီးတော့ဟိုဘက်ဒီဘက်လှည့်အိပ်သည်။သူ့ဘက်ကိုလှည့်လိုက်တော့ကိုကိုထွန်းမျက်နှာကသူ့ရင်ဘတ်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားသည်။

ရင်တွေခုန်လိုက်တာ။ဝင်လေထွက်လေနွေးနွေးလေးကရင်ဘတ်ကိုလာထိနေသည်။ကို
ကိုထွန်းနှုတ်ခမ်းလေးကသူ့ရင်ဘတ်ကိုဖိကပ်နေသည်။ဒါအခွင့်အရေးပဲ။

ဂျက်ကသူ့အင်္ကျီကြယ်သီးတွေကိုတစ်လုံးပြီးတစ်လုံးဖြုတ်ချပြီးရင်ဘတ်ကိုဟင်းလင်းဖွင့်လိုက်သည်။အင်္ကျီစခံမနေတော့တဲ့အချိန်မှာကိုကိုထွန်းရဲ့နှုတ်ခမ်းလေးကသူ့ရင်ဘတ်ကိုတိုက်ရိုက်ထိနေသည်။မသိရင်ကိုကိုထွန်းကပဲသူရင်ဘတ်ကိုနမ်းနေသလိုလို။ဖြစ်ချင်သလိုမဖြစ်တော့မဖြစ်ဖြစ်အောင်ဖန်တီးယူလိုက်တာပေါ့...ဟီးဟီး။အမှတ်တရဓာတ်ပုံလေးတစ်ပုံလောက်ရိုက်လိုက်ဦးမယ်။သူ့ဟာသူတွေးရင်းဖုန်းနဲ့ဆယ်ဖီဆွဲနေသည်။

*

*

မနက်ခြောက်နာရီထိုးတော့ကြည်ဖြူအိပ်ယာကနိုးလာသည်။ဒီအချိန်ကသူထနေကျအချိန်မို့မျက်လုံးကကျင့်သားရပြီးနိုးလာသည်။နိုး
နိုးချင်းမျက်လုံးဖွင့်ကြည့်မိတော့သူ့မျက်စိရှေ့မှာကာဆီးနေတဲ့အရာတစ်ခု။

ဒါကဘာကြီးလဲ။ကြည်ဖြူသူ့မျက်စိရှေ့မှာနံရံကြီးလိုဖြစ်နေတဲ့အရာကိုစူးစမ်းနေသည်။မျက်လုံးနဲ့ကြည့်တာအားမရတော့လက်နဲ့ကိုင်ကြည့်သည်။

The city in my heart (U&Z)Where stories live. Discover now