ကြည်ဖြူ့ဘဝကတော့ရောင်နီ့လိုမျိုးကံမကောင်းရှာပေ။ရှိုင်းနဲ့ဂျက်က cobra ချင်းအတူတူဂျက်က king cobra (တောကြီးမြွေဟောက်)မို့သူကပိုပြီးအဆိပ်ပြင်းသည်။ကြည်ဖြူ့ကိုမြိုဖို့လောက်ပဲချောင်းနေသည်။
အခုလည်းအိပ်ဆေးအရှိန်နဲ့အိပ်ပျော်နေတဲ့ကြည်ဖြူ့ကိုတစိမ့်စိမ့်ကြည့်ပြီးအပေါ်ကစမြိုရမလား၊အောက်ကစမြိုရမလားနဲ့ခြေဆုံးခေါင်းဆုံးကြည့်ပြီးနေရာရွေးနေသည်။ကြည်ဖြူ့ဘဝလေးကတော့ရှိုင်းလိုမျိုးဖြူဖြူစင်စင်နဲ့စောင့်စည်းမှုရှိတဲ့ချစ်သူမျိုးကိုမရလေတော့အမှောင်ကမ္ဘာထဲကိုဇောက်ထိုးပြုတ်
ကျသွားသည်။ကြည်ဖြူအိပ်ယာကနိုးလာတော့သူ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။အိပ်ယာကထဖို့ကြိုးစားလိုက်တိုင်းခါးအောက်ပိုင်းကစူးစူးအောင့်အောင့်နဲ့နာကျင်နေသည်။ဂျက်ကလည်းသူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထား
သည်။ဂျက်ကိုလည်းဖယ်လို့မရ။သူကိုယ်
တိုင်လည်းထလို့မရ။အခြေအနေကတော်တော်ကိုဆိုးနေသည်။ညကသူအိပ်ဆေးမိပြီးအိပ်ပျော်သွားတာမို့ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာဘာမှမသိ။ဂျက်ကသူလူးလွန့်လှုပ်ရှားနေတော့နိုးလာသည်။သူကနိုးနိုးချင်းကြည်ဖြူ့ကိုတွဲထူပေးသည်။
“ကိုကိုထွန်းမျက်နှာသစ်မှာမို့လား။ကျွန်တော်လိုက်ပို့ပေးမယ်"
“မပို့ပါနဲ့။ငါ့ဟာငါသွားပါ့မယ်"
“ဒါပေမဲ့ကိုကိုထွန်းထရတာအဆင်မပြေဘူးလေ"
“ငါအဆင်မပြေတာမင်းဘယ်လိုလုပ်သိလဲ"
“ကျွန်တော်…"
ကြည်ဖြူကစောင်ကိုဆွဲဖယ်မယ်လုပ်တော့အဖြစ်မှန်ကိုရိပ်မိသွားသည်။သူ့တစ်ကိုယ်လုံးအဝတ်အစားမပါ။ကြည်ဖြူ့မျက်နှာတစ်ပြင်လုံးနီရဲတွတ်သွားသည်။
“မင်း…မင်းငါ့ကိုဘာလုပ်လိုက်တာလဲ"
“ကျွန်တော်ကိုကိုထွန်းကိုတာဝန်ယူပါရစေ"
“ဘာကွ"
“ခွပ်"
ကြည်ဖြူဂျက်မျက်နှာကိုလက်သီးနဲ့ထိုးလိုက်မိသည်။သူကအဖြောင့်စစ်စစ်တစ်ယောက်။ဂေးမဟုတ်ဘူး။ဒီလိုဘဝမျိုးရောက်သွားရတာကိုသူတကယ်လက်မခံနိုင်။ဂျက်ကသူ့အပြစ်နဲ့သူမို့ငြိမ်ခံနေသည်။