အခန်း(၈၉)

59 4 0
                                    

ဂျူတီချိန်အမြဲတမ်းမှန်တဲ့ရောင်နီကခုနှစ်နာ
ရီထိုးတာနဲ့ ward ထဲရောက်လာခဲ့သည်။ရောင်နီကထုံးစံအတိုင်းဂျူတီရောက်တာနဲ့ကျောပိုးအိတ်ကိုပစ်ချပြီးလူနာတွေကြားထဲရောက်သွားသည်။ဖျားနာဆောင်ကလူနာတွေကိုဆီးသွားရင်ဆီးကိုခံခိုင်းထားလေ့ရှိသည်။

ဒီနေ့ရောင်နီရောက်လာတော့လူနာတွေရဲ့ခုတင်အောက်တွေမှာဆီးပုလင်းတွေတစ်လုံးမှမရှိ။ဒါဘယ်လိုဖြစ်ရတာလဲ။ဆရာလေးရောင်နီကဆီးပုလင်းပျောက်မှုကြီးကိုစစ်
ဆေးနေသည်။လူနာစောင့်တစ်ယောက်ကရှင်းပြသည်။

“မနက်မိုးလင်းရင်သန့်ရှင်းရေးဝန်ထမ်းကတံမြက်စည်းလှဲကြမ်းတိုက်ပါတယ်။အဲဒီအ
ချိန်ကျရင်ဆီးပုလင်း၊ဆီးအိုးတွေကိုနောက်
ဖေးကသန့်စင်ခန်းထဲကိုကျွန်တော်တို့ပို့ထားရပါတယ်။သန့်ရှင်းရေးလုပ်ပြီးသွားရင်ပြန်ယူပြီးခုတင်အောက်ကိုပြန်ထားပါတယ်။ဒီနေ့လည်းလုပ်နေကျအတိုင်းလုပ်တာပဲ။ဒါပေမဲ့ဆီးပုလင်းတွေသွားယူတော့တစ်ပုလင်းမှမရှိတော့ဘူး။ဆီးအိုးတွေပဲကျန်နေခဲ့တယ်"

ရောင်နီတွေးကြည့်သည်။သန့်ရှင်းရေးဝန်
ထမ်းတွေကဖျားနာဆောင်မှာအလုပ်လုပ်လာတာနှစ်‌တွေကြာနေပြီ။သူတို့လွှစ်ပစ်တာတော့မဖြစ်နိုင်။ရောင်နီကလူနာစောင့်တွေကိုနောက်ရက်တွေကျရင်ဆီးပုလင်းတွေသေချာဂရုစိုက်ဖို့မှာပြီးပြဿနာကိုအဆုံးသတ်လိုက်သည်။

ညနေလေးနာရီထိုးတော့ရှိုင်းနဲ့ရောင်နီအိမ်ပြန်ရောက်လာသည်။ရေချိုးဖို့အပေါ်ထပ်ကိုတက်သွားကြသည်။ရှိုင်းအောက်ပြန်ဆင်းလာတဲ့အချိန်မှာရောင်နီက အပေါ်ထပ်မှာဘုရားပန်းလဲပြီးဘုရားဝတ်ပြုနေခဲ့သည်။

ရှိုင်းအောက်ထပ်ကိုရောက်လာတော့ထုံးစံအတိုင်းမဖိတ်ခေါ်ဘဲရောက်နေတဲ့ဧည့်သည်ကဧည့်ခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေသည်။အကိုကြည်ဖြူကလည်းအခုထိရောက်မလာသေးပေ။ဧည့်ခန်းထဲမှာရှိုင်းနဲ့ဂျက်မျက်လုံးချင်းဆုံမိကြသည်။ရှိုင်းက‌အပေါ်ပြန်တက်မယ်ဆိုပြီးနောက်ပြန်လှည့်တော့ဂျက်က-

“ဒေါက်တာရှိုင်း…ဆွေးနွေးစရာရှိတယ်"

“မအားဘူး"

The city in my heart (U&Z)Unde poveștirile trăiesc. Descoperă acum