ရှိုင်းခေါင်မိုးထပ်ကိုရောက်လာတော့သူ့ကလေးနဲ့ဂျက်ကိုတွေ့ရသည်။ရောင်နီကစားပွဲပေါ်မေးထောက်ပြီးစိတ်လေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂျက်ကိုကြည့်နေသည်။ရှိုင်းကဂျက်နဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
“ခင်ဗျားဘက်ကအကိုကြည်ဖြူကိုပိုင်ပြီလား"
ဂျက်ခေါင်းခါပြသည်။
“ခင်ဗျားဘက်ကအကိုကြည်ဖြူကိုပိုင်မှကျွန်တော့်ဘက်ကလိုက်တောင်းပေးရဲမှာပေါ့။မဟုတ်ရင်အကိုကြည်ဖြူကလည်းလက်မခံ၊ကျောင်းအုပ်ကြီးကလည်းသဘောမတူနဲ့သူ့အိမ်ကနေနှင်ထုတ်ခံရလိမ့်မယ်။ကြိမ်လုံးနဲ့လိုက်ရိုက်လို့ခြေဦးတည့်ရာပြေးနေရမယ်"
“ငါဘာလုပ်ရမလဲ။ကိုကိုထွန်းငါ့ကိုလက်ခံလာအောင်ငါဘာလုပ်သင့်လဲ"
“ကျစ်"
ရှိုင်းကသူ့ဘေဘီလေးကိုလှည့်ကြည့်သည်။
“ကျွန်တော့်ကလေးပြောခဲ့တဲ့စကားကျွန်
တော်အခုမှပဲနားလည်တော့တယ်"“ဘာစကားလဲ"
“ကျွန်တော့်ကလေးကပြောတယ်။သူ့ဘဝကကျွန်တော်နဲ့စတွေ့ကတည်းကကံဆိုးခဲ့တာတဲ့။သိပ်မှန်တာပဲ။ကျွန်တော့်ဘဝကလည်းခင်ဗျားနဲ့စတွေ့ကတည်းကကံဆိုးခဲ့တာပဲ"
ရောင်နီကသူ့ဘက်ကိုမြားဦးလှည့်လာတော့ထိုင်ရာကနေထရပ်လိုက်သည်။
“ခင်ဗျားတို့အချင်းချင်းစကားပြောကြမှာဆိုရင်လည်းကျွန်တော်သွားတော့မယ်ဗျာ။ဘုရားရှိခိုးရဦးမှာ"
ရောင်နီထသွားတော့ဂျက်က-
“မင်းငါ့ကိုကူညီပေးရင်ငါဒီအိမ်ကနေထွက်သွားပေးမယ်"
“ခင်ဗျားတကယ်ပြောတာလား"
“တကယ်ပေါ့။ကိုကိုထွန်းကိုသာရရင်ငါမင်းအိမ်မှာတွယ်ကပ်ပြီးမနေတော့ဘူး။မင်းအိမ်ကငါထွက်သွားမယ်။ကိုကိုထွန်းကိုလည်းခေါ်သွားမယ်"
“ကျွန်တော်ကခင်ဗျားကိုပဲမနေစေချင်တာအကိုကြည်ဖြူကိုတော့မထည့်လိုက်နိုင်ဘူး"
“မင်းလောဘမကြီးနဲ့"
“ကျွန်တော့်ကလေးအတွက်အကိုကြည်ဖြူကိုလိုအပ်တယ်လေ"