အခန်း(၈)

43 4 0
                                    

“Pink House"

ဒီကော်ဖီဆိုင်လေးကရောင်နီကျောင်းတက်ရင်းနဲ့အလုပ်လုပ်ခဲ့တဲ့နေရာလေး။ဒီနေ့ရောင်နီကော်ဖီဆိုင်ထဲကိုရောက်လာခဲ့သည်။

ရောင်နီဆိုင်ထဲကိုရောက်ရောက်ချင်းထူးခြားမှုတစ်ခုကိုသတိထားလိုက်မိသည်။ဆိုင်ထဲရှိစားပွဲတိုင်းတွင်လူရှိနေသည်။မနက်ခင်းမို့လူစည်တာ
နေမှာပါလို့တွေးမိပေမဲ့ထူးခြားနေတာကတော့အမှန်။

စားပွဲအားလုံးတွင်ထိုင်နေကြသည့်ဧည့်သည်တွေကအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည်။နေကာမျက်မှန်အမဲကြီးတွေတက်ထားကြသည်။ရုပ်ရှင်ကားတွေထဲကလိုမျိုးဂန်းစတားလူမိုက်
တွေနှင့်တူလွန်းသည်ဟုရောင်နီတွေးနေမိသည်။ဆိုင်ထဲတွင်သာမန်ဝတ်ဆင်ထားသည့်ဧည့်သည်ကအနည်းငယ်သာရှိသည်။

ရောင်နီဆိုင်ထဲကိုဝင်လာတော့ဝတ်စုံနက်တွေအကုန်လုံးကရောင်နီ့ကိုဝိုင်းကြည့်ကြသည်။လူတစ်အုပ်ကြီးကတစ်ပြိုင်တည်းဝိုင်းကြည့်တာခံရတော့ရောင်နီ့စ်တ်ထဲမသိုးမသန့်ဖြစ်လာမိသည်။

ကောင်တာတွင်ထိုင်နေသည့်ဆိုင်ရှင်အမဒေစီကရောင်နီ့ဆီခပ်သွက်သွက်လျှောက်လာပြီးရောင်နီ့ကိုလက်ဆွဲခေါ်သွားသည်။မုန့်ဖုတ်သည့်အခန်းထဲရောက်တော့အမဒေစီကရောင်နီ့လက်နှစ်
ဖက်လုံးကိုဆုပ်ကိုင်ပြီး-

“မောင်လေးရောင်နီမင်းငါ့ကိုကူညီပါ"

“ဟုတ်ကဲ့အမ။ကျွန်တော်ဘာကူညီပေးရမလဲ"

“ပြောရမှာတော့အားနာပါတယ်မောင်လေးရယ်။ဒါပေမဲ့မပြောလို့ကလည်းမဖြစ်ဘူး"

“ရပါတယ်အမဒေစီပြောပါ"

“ဒီနေ့ကစပြီးမောင်လေးဒီဆိုင်မှာအလုပ်မလုပ်ပါနဲ့တော့"

“ဗျာ"

ရောင်နီအံ့အားသင့်သွားမိသည်။

“ဘာဖြစ်လို့လဲအမ"

“ဆိုင်ထဲမှာထိုင်နေတဲ့ဝတ်စုံနက်နဲ့လူတွေကိုမောင်လေးတွေ့တယ်မဟုတ်လား"

“တွေ့တယ်။သူတို့ကဘာလုပ်နေကြတာလဲ"

“သူတို့ကမောင်လေးရောင်နီရဲ့ ဓာတ်ပုံကိုပြပြီးဒီကောင်လေးကိုဒီဆိုင်မှာဆက်ပြီးအလုပ်မလုပ်ခိုင်းပါနဲ့တဲ့။မောင်လေးကိုဆက်ပြီးတော့လက်
ခံထားရင်တစ်ဆိုင်လုံးကိုဖျက်ဆီးပစ်မယ်တဲ့"

The city in my heart (U&Z)Where stories live. Discover now