အခန်း(၉၈)

34 6 0
                                    

ဂျက်ကကြည်ဖြူ့ကိုမေးလိုက်သည်။

“တကယ်လို့ကိုကိုထွန်းရဲ့အကိုကသာလက်ခံခဲ့မယ်ဆိုရင်ကိုကိုထွန်းကျွန်တော့်ကိုလက်ခံပေးမှာလား"

“ငါ့အကိုလက်ခံအောင်ပဲမင်းအရင်ကြိုးစားကြည့်ပါဦး"

“စကားကိုမလွှဲနဲ့ကိုကိုထွန်း။ကျွန်တော်မေးတာကိုပဲဖြေပေး။ကိုကိုထွန်းရဲ့အကိုကလက်ခံရင်ကိုကိုထွန်းကျွန်တော့်ကိုလက်ခံပေးမှာလား"

“ငါ့အကိုကလက်ခံရင်တော့ငါလည်းမင်းကိုလက်ခံပေးမှာပေါ့။မင်းကအရမ်းကြီးဆိုး
သွမ်းနေတဲ့လူမှမဟုတ်တာ"

“လူကောင်းတစ်ယောက်လို့တော့ပြောပါကိုကိုထွန်းရာ"

“မပြောနိုင်ပါဘူး။ငါ့ကိုအခွင့်အရေးယူလိုက်တဲ့နေ့ကစပြီးငါမင်းကိုလူကောင်းတစ်ယောက်လို့မမြင်နိုင်တော့ဘူး"

ဂျက်မျက်နှာလေးညှိုးကျသွားသည်။

“ကိုကိုထွန်းအမြင်မှာကျွန်တော်ကအထင်
သေးစရာလူတစ်ယောက်ဖြစ်သွားတာကိုစိတ်မကောင်းပါဘူး။ကျွန်တော်ကိုကိုထွန်းအထင်
ကြီးရတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ်။ကိုကိုထွန်းရဲ့အကိုလက်ခံလာအောင်လည်းကျွန်တော်ကြိုးစားပါ့မယ်။ကျွန်တော့်ကြောင့်ကိုကိုထွန်းမျက်နှာမငယ်စေရပါဘူး"

ကြည်ဖြူကလုပ်နိုင်ရင်လုပ်ကြည့်ပေါ့ဆိုတဲ့မျက်နှာပေးနဲ့-

“မင်းကိုယ်မင်းယုံကြည်မှုရှိရင်လုပ်ကြည့်ပေါ့ကွာ။ငါကတော့ငါ့အကိုနဲ့ပတ်သတ်ပြီးမင်းကိုဘာမှကူညီပေးမှာမဟုတ်ဘူး"

ကိုကိုထွန်းရဲ့စကားကဂျက်ကိုတွန်းအားတွေပေးနေပြန်သည်။ဂျက်ယောက်ဖကြီးကိုထပ်ပြီးတော့မျက်နှာချင်းဆိုင်ရပေဦးမည်။

*

*

ဂျက်ကယောက်ဖကြီးနဲ့ရင်ဆိုင်ဖို့ရှိုင်းနဲ့တိုင်
ပင်ကြည့်သည်။ကိုကိုထွန်းကအကူအညီမပေးနိုင်ဘူးလို့အပြတ်ပြောခဲ့ပေမဲ့ရှိုင်းကတော့ကိုယ်ဖိရင်ဖိတစ်ကိုယ်လုံးဖိပြီးကူညီ ပေးရပေမည်။

အခုလောလောဆယ်ရှိုင်းဘဝမှာမဖြစ်မနေထမ်းဆောင်ရမဲ့အရေးအကြီးဆုံးတာဝန်ကြီးသုံးရပ်ရှိနေသည်။

The city in my heart (U&Z)Where stories live. Discover now