အခန်း(၉၁)

52 9 0
                                    

ဂျက်မျက်နှာကမသာမယာဖြစ်နေသည်။ယောက်ဖလောင်းကြီးကကျောင်းအုပ်ဆရာ
ကြီး၊လူမှန်ကြီး၊ဘုတ်အုပ်ကြီး။စာထဲကအတိုင်းတသွေမတိမ်းလိုက်နာတဲ့သူကြီး။ခက်တာကသူ့အသက်ဘူးလေးကလည်းသူ့အကိုကိုကြောက်လိုက်တာမှတုန်လို့။အချိန်
မှန်အိမ်ပြန်မရောက်ရင်အဆူအငေါက်ကခံရသေးတယ်ဆိုပဲ။

အသက်သုံးဆယ်ကျော်နေတာတောင်ညီလေးကိုစိတ်မချနိုင်ဖြစ်နေတဲ့ယောက်ဖလောင်းကြီးကိုဂျက်စိတ်မဆိုးရက်ပေ။ပြော
ရရင်သူ့ကျေးဇူးကြောင့်သူအထိန်းအသိမ်းကောင်းလို့သူ့ရဲ့အသက်ဘူးလေးကအသက်သုံးဆယ်ကျော်နေတာတောင်လူပျိုစစ်စစ်လေးဖြစ်နေတုန်းပဲ။ကျေးဇူးရှင်ကြီးကိုအပြစ်
တင်လို့မဖြစ်ပါဘူး။

ကြည်ဖြူကဂျက်နဲ့စကားပြောနေရင်းဆိုင်ကယ်ကိုဆောင့်နင်းလိုက်ရာစက်နိုးသွားသည်။

“ငါသွားပြီဟေ့"

ဆိုင်ကယ်ရဲ့နောက်ကမီးခိုးတွေအလုံးလိုက်နဲ့စက်သံတဗြီးဗြီးမြည်လို့ကိုကိုထွန်းကတော့ထွက်သွားပြီ။ဂျက်ကတော့ကြက်ကြီးလည်လိမ်ခံထားရသလိုဖြစ်ပြီးကျန်ခဲ့သည်။သူ့မှာပိုင်ဆိုင်မှုတွေအများကြီး။ဒါတွေအကုန်လုံးကိုပုံပေးပြီးကိုကိုထွန်းကိုဝယ်လို့ရရင်ဝယ်ယူလိုက်ချင်သည်။အခုတော့ဆိုင်ကယ်လေးတစ်စီးတောင်ဝယ်ပေးလို့မရတဲ့ဘဝ။ဘယ်
လိုလုပ်ရပါ့မလဲယောက်ဖကြီးရယ်။

“ဟင်း…ဟင်း…ဟင်း"

နောက်ကနေမခိုးမခန့်နဲ့လှောင်ရယ်ရယ်နေတဲ့အသံကိုကြားတော့ဂျက်နောက်လှည့်မကြည့်ဘဲသိလိုက်သည်။သူ့ကိုလှောင်ပြောင်ရဲတာရှိုင်းပဲရှိတယ်ဆိုတာ။

“မင်းကဘာရယ်တာလဲ"

“ခင်ဗျားနုပါသေးတယ်"

“ဘာ"

“ဒီလိုအတွေ့အကြုံမျိုးခင်ဗျားခုမှကြုံဖူးတာလေ"

“ဘာအတွေ့အကြုံလဲ"

“ခင်ဗျားကအရမ်းချမ်းသာတယ်မို့လား။ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်လို့ခင်ဗျားထင်နေတယ်မို့လား။ဒါပေမဲ့ခင်ဗျားထင်နေတဲ့အထင်ကခင်ဗျားတကယ်ချစ်ရတဲ့သူကိုတွေ့ရတဲ့အချိန်မှာရာနှုန်းပြည့်မမှန်ကန်တော့ဘူး"

The city in my heart (U&Z)Where stories live. Discover now