အခန်း(၁၀၃)

33 6 0
                                    

အကိုကြည်ဖြူနဲ့ဂျက်ဝရံတာကိုရောက်လာတော့ရှိုင်းကဂျက်ကိုအအကူအညီတောင်း
သည်။

“ခင်ဗျားကျွန်တော့်ကလေးကိုထွက်မပြေးနိုင်အောင်ချုပ်ထားပေးစမ်းပါ"

ဂျက်ကနှစ်ခါမပြောရပေ။သူ့ရဲ့ကျေးဇူးရှင်ဒေါက်တာရှိုင်းကိုကျေးဇူးဆပ်ဖို့အဆင်သင့်ဖြစ်နေသည်။ရှိုင်းကသူ့ကိုမိန်းမလိုက်တောင်းပေးထားတာမဟုတ်လား။ရောင်နီ့ကိုဆွဲယူပြီးတစ်ကိုယ်လုံးမလှုပ်နိုင်အောင်ချုပ်ထားလိုက်သည်။

ရှိုင်းဝရံတာကနေပြေးထွက်သွားပြီးချက်ချင်းဆိုသလိုပြန်ရောက်လာခဲ့သည်။သူ့လက်ထဲတွင်အနီရောင်လေးထောင့်ဘူးလေးပါလာသည်။ရှိုင်းကလူအုပ်ကြီးဘက်ကိုဘူးလေး
ကိုမြှောက်ပြပြီး-

“ကျွန်တော်ဆရာလေးရောင်နီကိုအခုပဲလက်
ထပ်ခွင့်တောင်းပါတော့မယ်။ခင်ဗျားတို့အ
ကုန်လုံးအသိသက်သေလုပ်ပေးကြပါ"

“လုပ်ပေးပါ့မယ်"

“ဆရာလေးရောင်နီလက်ခံပေးပါ"

“သဘောတူပါတယ်"

ရောင်နီငိုချင်စိတ်တွေပေါက်သွားသည်။သဘောတူတယ်မတူဘူးဆိုတာကာယကံရှင်ဖြစ်တဲ့သူကဆုံးဖြတ်ရမှာမဟုတ်ဘူးလား။ကျေးဇူးကန်းတဲ့မြို့သားတွေ။တစ်မြို့လုံးရဲ့ကိစ္စတွေကိုသူကပဲဖတ်ဖတ်မောအောင်လုပ်ပေးခဲ့ရတာ။ထောက်ခံကြတော့ဒေါက်တာ
ရှိုင်းကိုထောက်ခံကြတယ်တဲ့လား။

ရောင်နီဂျက်လက်ထဲကနေမရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့အချိန်မှာရှိုင်းကရောင်နီ့လက်ကိုဆွဲယူပြီးလက်စွပ်စွပ်ပေးလိုက်သည်။ပြီးတော့လက်စွပ်စွပ်ထားတဲ့ရောင်နီ့ရဲ့လက်ကိုလူတွေရှေ့မှာမြှောက်ပြပြီး-

“ရွေးကောက်ပွဲကြီးပြီးသွားရင်ကျွန်တော်ဆရာလေးရောင်နီကိုလက်ထပ်ပါ့မယ်လို့ကတိပေးပါ့တယ်"

ဟင်…ဒါကမြို့သူမြို့သားတွေကိုပေးတဲ့ကတိလား။မြို့ခံလူတွေဘက်ကတုံ့ပြန်မှုကလည်းကြောက်ခမန်းလိလိ။

“ဝေး…ဟေး…ဟေး"

“သဘောတူပါတယ်"

“ထောက်ခံပါတယ်"

The city in my heart (U&Z)Donde viven las historias. Descúbrelo ahora