အခန်း(၁၁)

36 2 0
                                    

ရောင်နီမနက်စာစားပြီးတဲ့နောက်ရှိုင်းကထိုနေ့
တစ်နေ့လုံးရောင်နီ့အတွက်ကားဒရိုင်ဘာလုပ်ပေးသည်။ညကသူမအိပ်ခဲ့ရတာမို့ရောင်နီလုပ်ချင်ရာလုပ်နေချိန်မှာသူကကားပေါ်မှာအိပ်ရင်းစောင့်သည်။

ဆေးရုံကနေအိမ်ပြန်လာတော့ရောင်နီ့အိမ်ရောက်နေတဲ့ငထူးဆိုတဲ့ကလေးကိုကျောင်းလိုက်ပို့ရသည်။ငထူးအဖေကခွဲစိတ်ခန်းဝင်ရမှာမို့သွေးလိုတယ်ဆိုတော့သွေးလှူပေးမဲ့ရောင်နီ့အဒေါ်ကိုသွားခေါ်ပေးရသေးသည်။ရောင်နီ့ရဲ့အဒေါ်ကဇူးဇူးခိုင်။ရောင်နီကသူ့အဒေါ်ကိုအန်တီဇူးဟုခေါ်သည်။အန်တီဇူးကသူ့ဘာသာလာမယ်လို့
ပြောနေတာကိုရှိုင်းကမျက်နှာလုပ်ချင်လွန်းအား
ကြီးပြီးသွားခေါ်ပေးသည်။

အန်တီဇူးနှင့်မေမေဖူးကညီအမနှစ်ယောက်ပေါင်းပြီးပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသည်။အန်
တီဇူးသွေးလှူပြီးအပြန်တွင်ပန်းဆိုင်ကိုပြန်လိုက်ပို့ပေးရသည်။ညနေလေးနာရီထိုးလျှင်ငထူးကိုကျောင်းကနေအပြန်သွားကြိုပေးရဦးမည်။

ရှိုင်းဘဝမှာဒီလောက်ပင်ပင်ပန်းပန်းနဲ့ကြိုးစား
ပမ်းစားမအိပ်မနေတစ်ခါမှမလုပ်ခဲ့ဖူးပေ။အခုဒါတွေလုပ်နေရတာကရောင်နီ့ကြောင့်ပင်။သူသာလုပ်မပေးရင်ဒါတွေကိုရောင်နီကလိုက်လုပ်ပေးမှာသေချာသည်။

ရောင်နီကသူများကိုကူညီဖို့အတွက်ဆိုလျှင်ဘယ်လောက်ပင်ပန်းဆင်းရဲနေပါစေတစ်ချက်က
လေးမှမညည်း။ရှိုင်းကတော့ရောင်နီ့ကိုမပင်ပန်းစေချင်။သူ့ဘေဘီလေးပင်ပန်းမဲ့အစားသူပဲ
အပင်ပန်းခံဖို့ဆုံးဖြတ်ထားသည်။

ညနေခင်းငထူးကိုကျောင်းကကြို ပြီးပြန်လာ
သည့်လမ်းတွင်ငထူးကရောင်နီ့ကိုပြောသည်။

“ကိုကိုရောင်…နောက်အပတ်ထဲမှာကျွန်တော်တို့ကျောင်းကဆုပေးပွဲရှိတယ်”

“ငါလိုက်ပေးရမှာလား"

“လိုက်ပေးရမှာပေါ့။ကျွန်တော်ကဆုရတယ်
လေ"

“ဘာဆုလဲ"

“ပထမဆု"

ရောင်နီကစိတ်ပျက်သွားသည့်လေသံနှင့်-

“မင်းကွာမင်းကိုငါသေချာမှာထားရဲ့သားနဲ့။အရမ်းကြီးကြိုးစားစရာမလိုပါဘူး။သင့်တော်ရုံပဲဖြေခဲ့ပါဆို"

The city in my heart (U&Z)Onde as histórias ganham vida. Descobre agora