အခန်း(၂၁)

32 4 0
                                    

စိုင်းလေးနဲ့ငထူးကိုကျောင်းလိုက်ပို့ပြီးပြန်လာတဲ့အချိန်…ရှိုင်းကရောင်နီ့ကိုမေးသည်။

“ဘေဘီမင်းဘယ်သွားချင်သေးလဲ။အပြင်ရောက်တုန်းလိုက်ပို့ပေးမယ်။အိမ်ရောက်မှအပြင်ထွက်ချင်တယ်မပြောနဲ့"

ရောင်နီကရှိုင်းကိုမှုန်ကုပ်ကုပ်နဲ့ကြည့်နေသည်။
ပြီးတော့ဘာမှမပြောဘဲမျက်နှာလွှဲသွားသည်။

ဒီလူကြီးသူ့အိမ်မှာအစေခံတွေဒီလောက်အများ
ကြီးရှိနေတာကိုကလေးတွေကျောင်းပို့ကျောင်း
ကြိုတာသူကိုယ်တိုင်လုပ်သည်။ရောင်နီ့ကိုလည်းကလေးတွေနဲ့တန်းတူစာရင်းသွင်းထားသည်။ဘာမဆိုသူကိုယ်တိုင်လိုက်လုပ်ပေးသည်။

ရောင်နီကတော့အရုပ်တစ်ရုပ်ဘဝကိုရောက်နေပြီ။သူထားရာနေစေရာသွား။အမေကလည်း
အိမ်ပြန်မလာနဲ့တဲ့။အစွန့်ပစ်ခံရတဲ့ကလေးတစ်ယောက်လို့ဖြစ်နေပြီ။

တေဇစံအိမ်ကြီးကိုပြန်ရောက်ပြီးကားပေါ်က
ဆင်းတော့ရောင်နီ့ဖုန်းထဲမက်ဆေ့ဝင်တဲ့အသံ
ကြားလို့ရောင်နီဖွင့်ကြည့်လိုက်သည်။ကျောင်းနေဘက်သူငယ်ချင်းမှုံရွှေရည်ဆိုတဲ့ကောင်မလေးကစာပို့ထားသည်။သူ့နာမည်မှုံရွှေရည်ဆိုပေမဲ့
ပုလင်းဖင်လိုထူထဲတဲ့မျက်မှန်ကြီးတပ်ထားရတာကြောင့်သူငယ်ချင်းတွေကသူ့ကိုမှုံကြီးလို့
ခေါ်ကြသည်။မျက်စိမှုန်နေတာကိုး။ရောင်နီက
မက်ဆေ့ကိုဖတ်ကြည့်လိုက်သည်။

“ရောင်နီ…နင်လိုင်စင်လျှောက်ပြီးပြီလား။ငါအခုသူနာပြုကောင်စီရုံးမှာလိုင်စင်လုပ်နေတယ်။ပြီး
တော့ငါအလုပ်လျှောက်လွှာလည်းတင်ဖို့လုပ်နေတယ်”

ရောင်နီအခန်းကိုပြန်လာပြီးမှုံကြီးဆီဖုန်းခေါ်လိုက်သည်။

“နင်ဘယ်ကို လျှောက်တာလဲ"

“ကျောက်တစ်လုံးဆေးရုံ"

ကျောက်တစ်လုံးဆိုတာရောင်နီ့အဖေဘက်ကဘိုးဘေးတွေနေတဲ့မွေးရပ်ဇာတိပဲ။ရောင်နီငယ်ငယ်ကတစ်ခေါက်ရောက်ဖူးသည်။

“နင်ဘာလို့ကျောက်တစ်လုံးကိုလျှောက်တာလဲ"

“ငါကစိတ်ကူးယဉ်စရာကောင်းတဲ့နေရာကိုလျှောက်တာလေ။ကျောက်တစ်လုံးကတောင်ပေါ်
မြို့လေး။တောတွင်းအပန်းဖြေစခန်းလည်းရှိတယ်။မန္တလေးနဲ့မိုင်လေးဆယ်ပဲဝေးတယ်။ကျောက်တစ်လုံးကခုတင်(၂၀၀)ဆေးရုံဟ"

The city in my heart (U&Z)Where stories live. Discover now