အခန်း(၃၆)

31 2 2
                                    

ရောင်နီက night duty မို့နေ့ခင်းဆိုတစ်နေ့
လုံးအားသည်။ညနေလေးနာရီထိုးလို့ရှိုင်းဂျူ တီကပြန်လာရင်ရောင်နီ့ကိုခေါ်ပြီးအမှတ်(၄)ရပ်ကွက်ကိုလာပို့ပေးရသည်။သူမပို့ရင်ရောင်နီကလင်းထိန်တို့ကိုခေါ်ပြီးသွားနေမှာမို့သူကိုယ်တိုင်အပင်ပန်းခံပြီးပို့ပေးသည်။

မြောင်းကိစ္စပြီးသွားပေမဲ့တခြားကိစ္စတွေကမပြီး
သေးပေ။ရောင်နီကရပ်ကွက်ထဲမှာမြေကွက်တစ်ကွက်ဝယ်ပြီးကလေးတွေအတွက်ကစားကွင်း
ဆောက်ဖို့စီစဉ်နေသည်။

အမှတ်(၄)ရပ်ကွက်ကလူနေအိမ်ခြေစိပ်တာမို့ကလေးတွေကစားဖို့ရာမြေနေရာမရှိ။ရပ်ကွက်ထဲကကလေးတွေလမ်းမပေါ်တက်ပြီးဘောလုံးကန်နေတာကြောင့်လမ်းပေါ်သွားလာနေတဲ့ကားတွေ၊ဆိုင်ကယ်တွေကသူတို့ကိုကြည့်ပြီးရှောင်နေရသည်။ထိုအခြေအနေကြောင့်ရောင်နီကကစားကွင်းလုပ်ပေးဖို့စိတ်ကူးရသွားခြင်းဖြစ်သည်။

ဒေါက်တာရှိုင်းနဲ့သူနာပြုဆရာလေးရောင်နီရပ်
ကွက်ထဲကိုလာတာအကြိမ်ရေစိပ်လာတာနဲ့အမျှရပ်ကွက်ထဲကလူတွေနဲ့လည်းရင်းနှီးလာခဲ့ကြသည်။ရှိုင်းရဲ့ကားအနီလေးလာရင်ကလေးတွေကအနားကိုဝိုင်းလာတတ်သည်။ရောင်နီကကားပေါ်ကဆင်းတာနဲ့ကလေးတွေကိုမုန့်တွေဝေပေး
လေ့ရှိသည်။ထို့ကြောင့်ကလေးတွေကရောင်နီ့
ကိုချစ်ကြသည်။ရောင်နီမုန့်ဝယ်တဲ့အခါတိုင်းပိုက်ဆံရှင်းပေးရတဲ့သူကရှိုင်းဆိုတာကိုတော့က
လေးတွေမသိကြပါဘူး။

ရောင်နီကအမှတ်(၄)ရပ်ကွက်ထဲကစာသင်ကျောင်းကိုအုတ်တံတိုင်းခတ်နေသည်။ကျောင်းအိမ်သာတွေကိုလည်းအသစ်ဆောက်နေသည်။အမှတ်(၄)ရပ်ကွက်ထဲမှာတော့ကလေးတွေပါးစပ်
ဖျားမှာရော၊ရပ်ကွက်နေပြည်သူတွေရဲ့ပါးစပ်ဖျားမှာပါဒေါက်တာရှိုင်းနဲ့သူနာပြုဆရာလေးရောင်နီကနာမည်ကြီးသည်။

ရောင်နီကလုပ်ပေးတယ်လို့နာမည်ထွက်ပေမဲ့ရှိုင်းကငွေထုတ်ပေးရတဲ့သူပါ။ဘုန်းကြီးကုသိုလ်
ရွာသားကောင်းမှုဖြစ်နေသည်။ရှိုင်းပေးထားတဲ့ငွေကဒ်လေးကလည်းရောင်နီသုံးလို့တစ်ဝက်မကကုန်သွားပြီ။ရှိုင်းကတော့ကဒ်ထဲကငွေကုန်သွားရင်နောက်ထပ်ထုတ်ပေးဖို့ရာအဆင်သင့်ဖြစ်နေ
ပြီ။ရောင်နီ့လက်ထဲကိုသိန်းတစ်ထောင်ထည့်ပေးလိုက်တာအမှတ်(၄)ရပ်ကွက်ကိုပြု ပြင်ဖို့ဘတ်ဂျက်ချပေးလိုက်သလိုပဲ။

The city in my heart (U&Z)Where stories live. Discover now