Description

4.9K 178 0
                                    

•Original Title
After Rebirth, I was Entangled by a Second Generation Rich Guy Again

•Associated Names
In His Palm (Rebirth)
在他掌中[重生]
重生后又被富二代缠上了

•Type
Webnovel [ CN ]

•Genre
Drama Fantasy Mature Romance School Life

•Author(s)
Xiu Ce
袖侧

Description 🍀

အတိတ်ဘဝတုန်း၌ ဝမ်ယွီသည် ကျိအန်းနဥ်ကို အတင်းဓမ္မဖိအားပေးနမ်းရှုံ့ခဲ့သဖြင့် သူမထံမှပါးစပ်က သွေးထွက်သည်အထိပြန်အရိုက်ခံလိုက်ရ၏။

"မင်း...ကိုယ် မင်းကို သောက်ရမ်းကြိုက်တာကို တကယ် မယုံဘူးလား" 
ပါးစပ်ထောင့်မှ သွေးတွေကို လက်မနှင့် သုတ်ရင်းသူကဆိုသည်။

“နင်ကြိုက်တယ်ဆိုတာက ငါ့ရုပ်ရည်ရဲ့ ဆွဲဆောင်ခံရတာထက် ဘာမှ မပိုဘူး”
ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသူလေး ကျိအန်းနဥ်က အေးစက်စွာ ပြန်ပြောခဲ့သည်။

နောက်ပိုင်းတွင် ကျိအန်းနဥ်တစ်ယောက် သေဆုံးပြီး ဝိညာဉ်လွင့်သွားချိန်တွင် သူမကို တစ်သက်လုံး အနှောင့်ယှက်ပေးနေခဲ့တဲ့ သူဌေးသားလေးရဲ့ ခံစားချက်အစစ်အမှန်ကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသည်။ 

သူက အဆောက်အဦးတစ်ခုရဲ့ခေါင်မိုးထပ်မှာ ရပ်ပြီး ပကတိအမှောင်လွှမ်းနေတဲ့ညကို တွေတွေလေးငေးကြည့်ရင်း တိုးတိုးလေးဆိုလာ၏။
“မင်းအတွက် ကိုယ်လက်စားချေလိုက်ပြီ”

အတွေးတစ်ခုကြောင့် ကျိအန်းနဥ်သည် သူမရဲ့ ကောလိပ်ပထမနှစ်တွင် ပြန်လည်မွေးဖွားလာသည်။  ယခုအချိန်တွင် သူမက မသေသေးသလို သူ့လက်တွင်လည်း သူမကြောင့် သွေးများ မစွန်းထင်းသေးချေ။

"ကျိအန်းနဥ် မင်း ကိုယ့်လက်က ပြေးလို့လွတ်မယ်များ ထင်နေတာလား အဲ့အကြောင်းယောင်လို့တောင် မစဉ်းစားနဲ့"

သူက သူမ နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်ပြီးနောက် မေးရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်းပြောလာသည်။

"နင် ငါ့ရဲ့ ဘာကိုများကြိုက်တာလဲ ငါ့ရုပ်ရည်ကြောင့် နင် အဆွဲဆောင်ခံရရုံတင် မဟုတ်ဘူးလား" 

ကျိအန်းနဥ်က မချိုမချဥ်ပြုံးရင်း ခြေဖျားထောက်ကာ ဝမ်ယွီ၏ ပါးလွှာပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေးကို အနမ်းပေးလိုက်သည်။

~ လူအုပ်ထဲမှာ မင်းကို ပထမဆုံးတွေ့တုန်းက မင်းကို ကိုယ့်နှလုံးသားထဲကနေ အရင်တွေ့ခဲ့တာပါ... မင်းကို လေနဲ့ မိုးတွေရဲ့ရန်ကနေ ကိုယ့်လက်မောင်းထဲပွေ့ဖတ်ပြီး ကာကွယ်ပေးထားချင်တယ် ~

[ ပထမအကြည့်တစ်ချက်နဲ့တင် အရာရာကမင်းပဲဖြစ်သွားတယ်... မင်းက ကိုယ့်အတွက် အရာအားလုံးပါပဲ...ဘဝရဲ့ သေခြင်း၊ ရှင်ခြင်း အရာအားလုံးကို မင်းပဲပိုင်စိုးတယ် ]

ယခင်ဘဝတုန်းက၊ ဆင်းရဲနွမ်းပါးတဲ့မိန်းကလေး ကျိအန်းနဥ်သည် သူမအရမ်းအမြင်ကပ်စိတ်ကုန်နေသည့် ချမ်းသာတဲ့ဒုတိယမျိုးဆက်သူဌေးသားလေး ၀မ်ယွီရဲ့ မဆုတ်မနစ် လိုက်ပိုးခြင်းကိုခံခဲ့ရ၏။ 

နောက်ပိုင်းတွင် သူမသည် အတင်းအကြပ်အဓ္ဓမပြုကျင့် ဖိအားပေးခံရသဖြင့် သေဆုံးသွားပြီး သူမရဲ့ဝိညာဉ်မှာလည်း ကမ္ဘာပေါ်လွင့်မျောသွားခဲ့သည်။  သို့သော် နောက်ပိုင်း၊ သူမအပေါ်ရက်စက်ခဲ့တဲ့ လူသတ်ကောင်ကို သူ့လက်ဖြင့် ကိုယ်တိုင်ရက်ရက်စက်စက်သတ်ပြီး ထောင်ကျသွားသည့် ဝမ်ယွီကို မြင်လိုက်ရသည်။ 

ကျိအန်းနဥ်သည် ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် ၀မ်ယွီရဲ့အဆင်ပြေချောမွေ့နေသောဘဝလေးကိုကာကွယ်ပေးရန် သူမအတတ်နိုင်ဆုံးကြိုးပမ်းတော့သည်။ တစ်ချိန်က ကြမ်းတမ်းပြီး ရက်စက်တတ်တဲ့ ၀မ်ယွီက ကျိအန်းနဥ်အပေါ်တွင်မူ မတူကွဲပြားသော နူးညံ့ညှာတာမှုမျိုးကိုသာ ပြလေ၏။

__

သူ့လက်ဖဝါးထက်က ရတနာWhere stories live. Discover now