Chapter 4

1.1K 112 0
                                    

Chapter 4

အကောင်းဘက်ကရေးသားတင်ပြထားသည်ဆိုလျှင်တောင်မှ သတင်းတွင်နာမည်အစစ်ကိုမသုံးဘဲ များသောအားဖြင့် နာမည်တူသာ သုံးလေသည်။

ဝမ်ယွီက သူ့မေးစေ့အား ပွတ်သပ်လိုက်သည်။

‌ရှောင်နဉ်တဲ့လား....

ထိုနေ့ကသူအနောက်တံခါးရဲ့ နောက်ဆုံးတန်းတွင်ထိုင်ခဲ့တုန်းက တစ်စုံတစ်ယောက်က အတန်းဆင်းဘဲလ်မတီးသေးခင် စာသင်ခန်းမှ တိတ်တဆိတ် ခိုးထွက်သွားတာကိုမြင်လိုက်သည်။

သူမက အတော်လေးသတ္တိရှိတဲ့ မိန်းကလေးပင်။ ဆရာမိမှာကြောက်တာကြောင့် သူမခါးအားကွေးကာ ကြောင်တစ်ကောင်လိုမျိုး တိတ်တိတ်လေးခိုးထွက်သွားခဲ့သည်။

သို့ပေမယ့် မိန်းကလေးက သူမခေါင်းကိုလှည့်လိုက်စဉ် သူမရဲ့နူးညံ့လှပတဲ့မျက်နှာလေးပေါ်လာလေသည်။

ထိုတခဏ ဝမ်ယွီ၏နားထဲ မည်သည့်အသံတွေကိုမှ မကြားရတော့ချေ။

ဆရာ၏ ပို့ချချက်တွေ ကျောင်းသားတွေရဲ့တီးတိုးစကားသံတွေ စာရွက်လှန်သံတွေအကုန်လုံး ပျောက်ကွယ်သွားသည်။

သူ့အတိတ်ဘဝတွင် ဝမ်ယွီက နောက်ပိုင်း၌ ကျိအန်းနဉ်အပေါ်သူ့နှလုံးသားထဲ မည်မျှနက်နက်နဲနဲစွဲလမ်းနေသလဲဆိုတာကို သက်သေပြခဲ့လေသည်။

သို့သော် ယခုဘဝတွင်မူ ဝမ်ယွီက ဘာကိုမှ မသိရှိပေ။....ဝမ်ယွီက သူ ကျိအန်းနဉ်အား ပထမဆုံးမြင်လိုက်ချိန်တွင် သူ့နှလုံးသားနှင့် မျက်လုံးတို့ တပြိုင်နက်တုန်လှုပ်မိသွားပြီး ထူးဆန်းတဲ့ ခံစားချက်သာကျန်ရှိနေခဲ့၏။

သူက သူမ မပျောက်သွားခင်အထိ သူမအားစူးစူးစိုက်စိုက်ကြည့်နေမိခဲ့သည်။

သူက ပြတင်းပေါက်ကိုတိတ်တဆိတ်ဖွင့်ကာ ကြည့်လိုက်‌သည်.. သိပ်မကြာခင်မှာပင်၊ သူမကအဆောက်အဦးထဲမှ ထွက်ပြေးသွားတော့သည်။

အကယ်၍ သူမထံတွင် တောင်ပံတစ်စုံရှိနေပါက သူမကပျံသန်းသွားလောက်သည်။သူမပုံစံမှာ နတ်သူငယ်လေး ပေါ့ပါးသွက်လက်စွာ ပျံသန်းနေသလိုပင်...။

နောက်တစ်နေ့တွင်လည်း သူက သူမကို ထပ်မြင်လိုက်ရပြန်သည်။

သူမက ကန်တင်းမှ လက်တစ်ဖက်၌ အိတ်ကြီးကိုင်ကာနဖူးတွင်ချွေးဆို့လျက် အလောတကြီးထွက်လာချိန်တွင် သူကကော်ဖီဆိုင်သို့လျှောက်လာခဲ့မိသည်။ သူမကမူ သူ့အား တစ်ချက်လေးမျှပင် သတိမပြုမိပေ....။

သူ့လက်ဖဝါးထက်က ရတနာWhere stories live. Discover now