Chapter 38

611 69 1
                                    

🤚Chapter 38

စိတ်၀င်စားစရာကောင်းသည်မှာ ကျိအန်းနဉ်က ယနေ့ သူမ၏အ၀တ်အစားစတိုင်ကိုပါ ပြောင်းထားပြီး အ၀တ်ကိုခပ်ပွပွ၀တ်ထားသည်။

အားလပ်ရက်အတောအတွင်း စီရင်စုမြို့တော်မှာရှိသည့် အ၀တ်အစားအတွက် ကျော်ကြားသည့်စျေးတစ်ခုကို သူမ သွားခဲ့သည်။ စျေးကကြီးပြီး လူအတော်တော်များများသိကြသည်။ အခြားမြို့မှ လူများကလည်း စီရင်စုမြို့တော်ကိုလာသည့်အချိန် ထိုစျေးသို့သာသွားပြီး အ၀တ်အစား၀ယ်ကြသည်။

ထိုနေရာက စျေးချိုသည်ဟု လူသိများသည်။

သူမ၏ယခင်ဘဝတွင်မူ ကျိအန်းနဉ်က အ၀တ်အစားကို တသတ်မှတ်တည်း ၀တ်ဆင်ခဲ့သည်။ ဤဘ၀တွင်မူ သူမပြောင်းလဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် အ၀တ်အစားအချို့ကို၀ယ်ယူခဲ့သည်။

စျေးပေါသည့်အဝတ်အစားများက ပုံမှန်အားဖြင့်အရည်အသွေးမကောင်းပါပေ။ အညံ့စားအရည်အသွေးနှင့် ကြမ်းတမ်းသည့်ချုပ်ပုံကို ပကတိမျက်လုံးဖြင့်ပင်မြင်နိုင်သည်။ သို့ရာတွင် လှပသည့်မိန်းမလှလေးတစ်ယောက်က Burlapအိတ် လွယ်ထားမည်ဆိုလျှင်ပင် ၎င်းကဖက်ရှင်တစ်ခုဖြစ်လာလိမ့်မည်။ ရုပ်ရည်သာ လုံလောက်အောင် လှပကောင်းမွန်မည်ဆိုပါက လူများမှာ မိန်းမလှလေးမှလွဲ၍ အခြားအရာအားလုံးကို အလိုအလျောက်လျစ်လျူရှုလိုက်မည်ဖြစ်သည်။

" ကျွန်မ ခဏနေရင် ဒါရိုက်တာရွှီကိုသွားရှာမလို့..."

ကျိအန်းနဥ်က သူမတူကိုကိုက်ထားလျက် ပြောလာသည်။

"ဟမ်... ကိုယ်တို့ဌာနကဒါရိုက်တာရွှီလား...ဘာလို့လဲ..."
၀မ်ယွီက မေးလိုက်သည်။

"မဟုတ်ဘူး... သူက ထောက်ပံ့ပို့ဆောင်ရေးဒါရိုက်တာရွှီ...ကန်တင်းမှာက work-study အခြေအနေရတယ်လေ... ဒါပေမဲ့ အနည်းနဲ့အများတော့ ရှာ‌နေရတုန်းပဲ... ဒီပညာသင်ကာလအစပိုင်းတုန်းက ကျွန်မရဲ့အဖွားက ပတ်၀န်းကျင်အသစ်နဲ့ လိုက်လျောညီထွေ မဖြစ်သေးဘူးလေ... ဒါကြောင့် သူ့ကိုဂရုစိုက်နေရတာ...  ကျွန်မ သွားရှာတုန်းကလည်း အကုန်လူပြည့်သွားပြီလေ... ဒါကြောင့်မို့ သူ့ကိုသွားရှာပြီး နေရာတစ်ခုလောက်ထည့်ပေးလို့ရမလား မေးမလို့..."

သူ့လက်ဖဝါးထက်က ရတနာWhere stories live. Discover now