Chapter 43

420 45 0
                                    

🤚Chapter 43

လူများစွာက သူတို့၏ သူငယ်ချင်းများနှင့်အတူ ‌အပန်းဖြေရန်နှင့်ပျော်ပါးရန် စုဝေးလာတတ်သောညမှာ သောကြာနေ့ညပင်ဖြစ်သည်။

ဝမ်ယွီက စွန်းယာရှန့်ကို သူ၏သူငယ်ချင်းများ စုဝေးနေသည့်နေရာကိုခေါ်လာလေသည်။ ပါတီက ယောင်္ကျားလေးများနှင့်သာ ပြည့်နှက်မနေဘဲ အတော်လေးငယ်ရွယ်ပြီးလှပသည့် မိန်းမပျိုလေးများကိုလည်း ပေါင်းထည့်ထားလေသည်။

စွန်းယာရှန့်က အထူးတလည် ကောင်းမွန်စွာ ဝတ်စားလာခဲ့ပြီး သူမကိုယ်သူမအလှဆုံးဟု တွေးထင်နေခဲ့သော်လည်း  သီးသန့်အခန်းထဲ ဝင်ရောက်ပြီးနောက်တွင် သူမသိမ်ငယ်လာသည်။

သူမ၏ ယွမ်အနည်းငယ်သာပေးရသည့်လက်ကောက်နှင့် တောက်ပနေ‌သော စိန်များကို မယှဉ်နိုင်ပေ။ ကိုးရီးယားဘရန်းတစ်ခုနှင့် Chanel ဘရန်းကိုလည်း မယှဉ်နိုင်ခဲ့ပေ။ သူမကိုယ်ပေါ်မှ ဖက်ရှင်ဘရန်က အထူးသဖြင့် ဤအခန်းထဲတွင် "ဈေးပေါသည်"ဟူသည့်စကားလုံးဖြင့် အမှတ်အသားပြုနေသလိုပင်။

စွန်းယာရှန့်က ယခုလေးတင်တွေးနေသော သူမကအလွန်လှနေသည့်ဟူသည့် ယုံကြည်မှုပျောက်ကွယ်သွားပြီး သူမ စိုးရိမ်ထိတ်လန့်လာသည်ကို ခံစားလိုက်ရသည်။ သူမက ဝမ်ယွီကို ရှက်ရွံ့နေစေမည်ကို ထိတ်လန့်လာသည်။

အဘယ့်ကြောင့်ဆိုသော် သူမက ဝမ်ယွီ၏အဖော်အဖြစ်ပေါ်လာခဲ့သောကြောင့်ဖြစ်သည်။

ကံကောင်းသည်မှာ သူမ၏ဝတ်စားပုံကို အာရုံမထားသည့်ယောင်္ကျားများလည်းရှိနေသေးသည်။ တစ်ယောက်ယောက်က သူမအား သောက်စရာကမ်းပေးလာရာ သူမ ကျေးဇူးတင်ပြီး ယူလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ထိုလူ၏လက်ကောက်ဝတ်ရွေ့လျားလိုက်သည်နှင့် တောက်ပနေသည့် လက်ပတ်နာရီက ပေါ်လာလေသည်။ ထိုနာရီကို စွန့်ယာရှန့် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်အထိ လုံလုံလောက်လောက် နီးကပ်လာသည်။

သူမ မကြာခဏ ဖက်ရှင်မဂ္ဂဇင်းများ ဖတ်လေ့ရှိရာ  ဇိမ်ခံပစ္စည်းများအပေါ် မက်မောတောင့်တမှုရှိသဖြင့် ပစ္စည်း၏ဆွဲစွဲဆောင်ခြင်းကို ခံလိုက်ရသည်။ သူမစိတ်ထဲတွင် နာရီ၏ တန်ဖိုးကို တိတ်တဆိတ် တွက်ချက်နေပြီးနောက် အံ့ဩသွားလေသည်။

သူ့လက်ဖဝါးထက်က ရတနာWhere stories live. Discover now