အပိုင်း(၃)

291 24 0
                                    

- "လဗြွတ်ကောင်"


အားရပါးရအသံကျယ်ကျယ်ဖြင့်အံကြိတ်ပြီးခေါ်လိုက်သောအသံကြီး။ ဟုန်းရှင်းးတယောက် နှစ်နှစ်အရွယ်ဟုန်းဂျီဆူး တစ်တစ်တုတ်တုတ်လေးကို အသဲယားစွာခေါ်လိုက်သံ။

-"ခေါ်နဲ့ အဲ့လို" အံမယ်အသံကစွာတာတာ။လူကသာနှစ်နှစ်မပြည့်သေးတာ သူကအဲ့လိုခေါ်ရင်ရှက်သေးတာ နေနှင့်အုံးး။

-‌"နာဘီရေ ဒီမယ် လဗြွတ်ကောင်လေးက သူ့ကိုလဗြွတ်ကောင်လို့ခေါ်တာမကြိုက်ဘူးတဲ့ဟေ့ အဲ့တာ နင်ပါ လာခေါ်။"
-"မကြီးကလည်းပိစိမကြိုက်တာမခေါ်နဲ့လေနော် ‌လဗြောင်ကွတ်လေးက စိတ်ကောက်နေပြီ လဗြောင်ကွတ်လေးလို့ ခေါ်လို့ကော ရလားမသိဘူးတော့"
ရီချင်တာကိုကြိတ်မှိတ်ထားသောအသံဖြင့်အလတ်မနာဘီ၏မေးလိုက်သံ။

-"ရဒယ် အစောကလိူကြီးကျမခေါ်နဲ့ သားကရှက်တယ် မကြီးတို့ကသားသူငယ်ချင်းတွေကြားခေါ်တော့ ဟိုကောင် ဂျောင်ဟန်ကပါ အဲ့လိုလိုက်စတာလို့ "
ဆိုပြီးစူပုတ်ပုတ်ပြောပုံကို ဖင်တုံးလေးတွေကိုတဖြန်းဖြန်းနဲ့ရိုက်ချင်စရာ ညီမနှယောက်လုံး အသဲတယားယား။
လဗြွတ်ကောင်နဲ့လဗြောင်ကွတ်က ဘာကွာလို့တူန်းးး အဟီးဟီ။ညီမနှယောက် အူရွှင်စွာတွေးမိပြီးး
ဂျီဆူးလေးကို ကောက်‌ပွေ့ကာ ညနေစာစားမယ့် ဖေနဲ့မေစောင့်နေမယ့် မီးဖိူချောင်ထဲ ညီမနှယောက်တခွီခွီကြိတ်ရီရင်း ဝင်ခဲ့တော့သည်။

-"ဖေနဲ့မေ လ‌ဗြွတ်ကောင်လေးး အဲလေမှားလို့ ဂျီဆူးးလေးကထမင်းစားတော့မယ်တဲ့"
တမင်တကာခေါ်ပြီးမခံချင်အောင်စနေသူကဟုန်းရှင်းး။

-"ကဲဗျာ ဖေ့သားနဲ့သမီးတွေ ညစာစားမယ်တဲ့ ဟိုမအေ ပြင်စမ်းး"
-"တော်ကော ခလေးမချီထားတဲ့အားနေတဲ့တယောက်ပါလာပြင်နော် အံမယ် စားတော့ဝိုင်းစားမယ် ပြင်တော့ကျွန်မတယောက်ထဲလား လာခဲ့ နာဘီကော အကိုကော တချို့တဝက် လာကူညီပေး "
ဖေနဲ့မေနဲ့အချစ်စမ်းသံ။ဒီလိုပါပဲ ဖေကသူ့ထက်ငယ်တဲ့မေ့ကိုဆို မခံချင်အောင် မထိတထိသိပ်စတာပါပဲ။ဟုန်းရှင်းတို့အစသန်တာဖေနဲ့တူတာ‌လို့တော့မေကပြောသည်။ဖေကပျော်တက်သည်။မိန်းမနဲ့သားသမီးတွေကိုလည်း ယုယုယယနဲ့ချစ်တက်သလို နာခံချင်အောင်လည်းဆုံးမတက်သူ။ဖေနဲ့သူငယ်ချင်းပေါင်းပေါင်းလို့ရပြီး တကူးတကရိုက်စရာမလိုအောင်ထိ သမီးနှယောက်ကလည်းလိမ်မာပါသည်။ဖေနဲ့မေရဲ့နားလည်မှုရှိရှိနဲ့နေတက်ထိုင်တက် ချစ်တက်ကြတာတွေကိုပဲမြင်ပြီးကြီးပြင်းလာလို့များလား။
-"ကဲ ရပြီစားကြမယ် သားငယ်လေးက ထမင်းရယ် အရွက်ကြော်ရယ် မေအရိုးနွှင်ထားတဲ့ငါးးလေးရယ်နဲ့ သေချာလေးး ‌မဖိတ်မစင်အောင်စားရမယ်နော် မေ့သားလေး"
-"Nae"
ဒီလိုပါပဲမိသားစုတနေ့တာက မနက်ခင်းလင်းရင် ဖေနဲ့မေကကုန်စုံဆိုင်ဖွင့်မယ်။မေကဆိုင်မှာဂျီဆူး‌ေလးနဲ့ထိုင်ပြီး ဖေကသမီးနှယောက်ကိုကျောင်းလိုက်ပို့မယ်။ဟုန်းရှင်းက13နှစ်အလယ်တန်းဒုတိယနှစ် ဟုန်းနာဘီက11နှစ် မူလတန်းနောက်ဆုံးနှစ်ပေါ့ ညီမနှယောက်အသက်နှနှစ်ကွာပြီး စည်းလုံးကြသည်။ဖေကသမီးတို့ကိုပို့ပြီးရင် အိမ်ပြန်မယ် မေဟင်းချက်နေတုန်းဂျီဆုးးးလေးနဲ့နေပေးရင်း ဆိုင်စောင့်ပေးမယ်။ဒီလိုပါပဲ ရှင်းတို့မိသားစုက ဒယ်ဂူးမှာ ကုန်စုံဆိုင်ကြီးပိုင်ထားပြီး ကျိကျိတက်မချမ်းသာပေမယ့် သားသမီးတွေမျက်နှာမငယ်အောင် လူတန်းစေ့ထားနိုင်သလို ဖေနဲ့မေဆီကချစ်ခြင်းတွေအပြည့်အဝရပြီးငယ်ဘဝမှာ ဘယ်လိုစိတ်ဒဏ်ရာမျိုးမှမရှိခဲ့ပါ။အော ပိတ်ရက်တွေမှာတော့ ဟိုဘက်လမ်းက မေ့သူငယ်ချင်း တီတီအယ်မီတို့အိမ်လည်းအလည်ပို့ပါသေးတယ်။အဲ့အိမ်က တီတီအယ်မီ့သားလေး တနည်းအားဖြင့်မီးတို့မောင်လေးပေါ့ ယွန်းဂျောင်ဟန်တဲ့လေ သူကတအားလှတာပဲ မျက်တောင်လေးတွေကအရှည်ကြီး အိမ်ကလဗြောင်ကွတ်လေးနဲ့ဆော့ဖော်ဆော့ဖက်ပေါ့။


ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now