အပိုင်း(၂၃)

278 29 9
                                    

-"မင်ဂယူက ဘယ်က‌ေနလာတက်တာလဲဟင်"

-"ကျွန်တော် ဂျယ်ဂျူးကပါ အမ"။

-"ဟယ် ဟုတ်လား ဂျယ်ဂျူးကအရမ်းလှတာရော် တို့ဆိုဂျယ်ဂျူးမှာ အသိမရှိလို့ အလည်သွားဖူးချင်တာကြာလှပြီ။"

-"ဟုတ်"

-"ဒါနဲ့ဘယ်ကဘယ်လိုဆက်စပ်မိပြီး အဆောင်ကိုရောက်လာတာလဲဟင်"

-"ကျွန်တော့်အမေနဲ့ဆရာမက ကျောင်းနေဖက်သူငယ်ချင်းတွေလေ"

-"ဟုတ်လားးး ကောင်းလိုက်တာ ဒါနဲ့ မင်ဂယူနဲ့ဂျီဆူးက သခ်ျာမရဘူးလို့ဆရာမကပြောတယ်ဟုတ်လားး"

-"ဟုတ်ကဲ့ ကျွန်တော်နဲ့ဂျီဆူးဟျောင်းက အတွက်အားနည်းတာပါ"

ဘေးကနေအင်တာဗျူးသလို တခုချင်းထိုင်မေးနေသောတယောက်ကို ဂျောင်ဟန်တော်တော် နားကြားပြင်းကပ်နေပြီ။ဂိုက်လုပ်ဖို့ခေါ်ထားတာ ဂိုက်ပဲလုပ်လေ သူများအကြောင်းမေးစရာလိုလား နေရာတကာ စပ်ကိုစပ်စုလွန်းတယ်။မင်ဂယူကလည်း စကားပြောချင်ပုံမရပါ မကောင်းတက်လို့သာ သူ‌ေမးသမျှပြန်ဖြေနေပုံပါပဲ။ဒီမိန်းမဘယ်ခြေလှမ်းလှမ်းနေလည်း ဂျောင်ဟန်မသိဘူးများထင်နေလား။ဒါမျိုးအကွက်တွေအံတိုနေပြီ ရေလာမြှောင်းပေးအကွက်တွေလေ။ဂိုက်လာစောင့်ရင်း ပိုက်ဆံလည်းရ ရည်းစားလည်းရအောင်ရှာချင်နေတဲ့အကွက်တွေ။

-"ဒါဆို ဒီလိုလုပ်ပါ့လားးး ဂျီဆူးးရှီး ဒီဘက်ခနလှည့်ပါအုံးးး တို့ပြောစရာရှိလို့"

-"Nae"

-"မင်ဂယူနဲ့ဂျီဆူးကလေ သခ်ျာသိပ်မရဘူးလို့ကြားတယ် အဲ့တာ နှယောက်ကို အချိန်ပိုသပ်သပ် တို့သင်ပေးဖို့လုပ်မလားလို့လေ အဲ့တာ အဆင်ပြေလား ဘယ်ချိန်အားလဲ တချက်‌ကြည့်ပြီး ပြန်ပြောပေးလေ တို့ဘက်ကဆရာမကို ပြောထားမယ်။"

ဟိုတနေ့ကတော့ ဂျီဆူးနဲ့ဒိုဂယောင်း ဒီဘက်လှည့်တော့ကျတော့ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ခုကျ ဂျီဆူးကိုဒီဘက်လှည့်ခိုင်းနေပြန်သည်။ဂျီဆူးကတော့ ဘာမှမပြော။ဘေးကဒိုဂယောင်းကလည်း ဒီမိန်းမကိုကြည်ပုံမပေါ်ပါ။ဂျောင်ဟန်ကတော့ ရေစက်ကိုမပါတာစမြင်ကထဲက။ဂျောင်ဟန်နဲ့ဒိုဂယောင်းကိုလည်း အဲ့မိန်းမကမကြည်ပါ။သိသိသာသာကို မကြည်တဲ့အပြုအမူတွေပြသည်။ ဥပမာ မင်ဂယူကဂျောင်ဟန့်ကိုသခ်ျာမေးရင် သူကအပြေးအလွှားကြားဝင် လာရှင်းပြတက်တာမျိူးးး။ဂျီဆူးနဲ့ဒိုဂယောင်းတူတူစာတွက်နေပြီဆို နေရာခွဲခိုင်းတာမျိုးလေ။ကျန်တဲ့ကောင်တွေကတော့ သူမကိုဘယ်လိုမြင်တယ်မသိ။ဂျောင်ဟန်နဲ့ဒိုဂယောင်းကတော့ အမြင်ကပ်ပါသည်။တစက်မှကြည့်မရပါ။သူကကော ဘာလိူ့ဂျောင်ဟန်နဲ့ဒိုဂယောင်းကို မုန်းနေလဲမသိ။ရောက်ခါစနေ့ကသူ့ပြန်ပြောလို့နေမှာပေါ့။မုန်းချင်မုန်းပေါ့ဂရုစိုက်စရာလားး ဂိုက်ဆိုပြီးနေရာတကာ အာလာချောင်တာမျိူးကိုတော့ ယွန်းဂျောင်ဟန်တို့ကငြိမ်ခံနေဖို့စိတ်ကူးထဲတောင်မရှိ။အရင်အဆောင်မှူးကိုတောင် ကိုယ်မှန်နေခဲ့တဲ့အတွက် သည်းမခံခဲ့တာ ဂိုက်ဆရာမအဆင့်လောက်နဲ့လာကြောဖို့မစဉ်းစားနဲ့။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now