အပိုင်း(၅)

244 23 2
                                    

2002ခုနှစ်ဂျယ်ဂျူ

-"မင်ဂယူ မင်ဂယူရေ သားးးးးး သားရေ ဘယ်ရောက်သွားတယ်မသိပါဘူး ဒီကောင်လေးဟာလေ"

ဂယောင်ဂျာရေရွတ်မိပြီး တအိမ်လုံးနှံနှံစပ်စပ်ရှာမိသည်။ ခလေးဆိူတော့ ဘာမှမသိ ရေဖြည့်ထားတဲ့ကန်ထဲတွေဘာတွေထဲ ကျနေမှာစိုးရိမ်မိသည်။ပွဲရုံကအပြန်ညစာချက်မလို့ကိုသူ့ရှာရတာတလုပ် ဟန်နာကလည်းသူမပြန်လာလို့ ပြန်သွားပြီ။ အစောကထိရှိပါသေးတယ် ကြက်ဥလေးဝယ်ခိုင်းမလိူ့ကို ဘယ်ပျောက်ထွက်သွားပါလိမ့်ချက်ချင်း။

-"ဟဲ့ကောင်လေးးးးး ဘယ်နားပုန်းနေပါလိမ့် ခေါ်နေရင်ထူးဟေ့ ဟဲ့ဂင်မင်ဂယူ အသံပေးအူံးးဟဲ့။ခေါ်နေတာနင့်မွေးထားတဲ့အမေပါ။ဒုတ်ခပဲ ဒီကောင်လေးတယောက်နဲ့တော့ ငါရူးချင်တယ်။ဟဲ့"

ပါးစပ်မှတတွတ်တွတ်ရေရွတ်ရင်းးးခြံထဲနှံနှံစပ်စပ်ရှာမိသည်။နေပါအုံးးးဒိုဂယောင်းတို့အိမ်များရောက်ချသွားလားမသိပါဘူး မျောက်လောင်းနှကောင်။တွေးမိပြီးမှ နေအုံးအိမ်ထဲဝင်ရှာရအုံးမယ် မီးဖိုထဲကနေအပြင်ဘက်အရင်ထွက်ရှာမိတာ အိမ်ထဲရှာဖို့ မေ့နေတာ။

-"အမလေး ဂင်မင်ဂယူရယ် ဘယ်နားမှာတုန်း ကျွန်မမူးနေပါပြီ တော့်ကိုရှာရတာ။တယောက်ထဲရှိတဲ့သားလေးမလို့သာပဲ ငါ့နှယ်"

အိပ်ခန်းနဲ့ဧည့်ခန်းကို ကုတင်အောက်တွေ ဆိုဖာကြားတွေ ဧသည်အိပ်ခန်းတွေထိ နှံနှံစပ်စပ် ရှာနေပြီးမှ တစ်ခန်းကျန်တာသတိရသည်။မရှိလောက်ပါဘူးး အဲ့အခန်းထဲတော့ ဝင်မထင်ပါဘူးးး အတွေးနဲ့တူ မရေမရာ သူမအဝတ်စားနဲ့မျက်နှာလိမ်းဘူးတွေထားတဲ့အခန်းထဲကို ဖွင့်ကြည့်လိုက်တော့

-"ရားးး ဂင်မင်ဂယူ ကုန်ပါပြီ ငါ့ပစ်စည်းတွေတော့ ဘယ့်နှယ့်‌ေတွလုပ်ထားတာတုန်းးး အဲ့တာ"
အနံကြိုက်လို့ဝယ်ထားမိတဲ့Pondပေါင်ဒါမှုန့်တွေကခြေသလုံးးးမယ်လိမ်းထားတာအဖွေးသားး။‌ေပါင်ဒါမှုန့်လိမ်းထားတဲ့အ‌ေပါ်မှ သူမနှုတ်ခမ်းနီတွေအရှည်လိုက်ကြီး ဆွဲချစ်ထားသည်။ခေါင်းကိုလည်း ခေါင်းလိမ်းဆီတွေလိမ်းထားတာ ပြားကပ်လို့။ကုန်ပါပြီ ငါ့ဟာ‌ေတွ‌ေတာ့။Suncreamတွေမျက်နှာနဲ့လည်ပင်းမယ်ပွတ်ဆွဲထားတာလည်း ပြာနှမ်းနေသည်။မျက်ခူံးမွှေးဆွဲ‌ထားတာတဖက်ကမဲမှောင်နေတာမျှော့ကြီးကျလို့။တဖက်ကတော့ခုမှဆွဲမလို့ ပြင်နေတဲ့ပုံပါ။အော် အဲ့မျက်ခုံမွှေးကိုအာရုံစိုက်ဆွဲနေလို့ မအေတယောက်လုံးခေါ်နေတာမကြာတာ‌ေပါ့လေ ဒင်းလေးက

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now