အပိုင်း(၂၇)

334 35 9
                                    

ဒယ်ဂူးရဲ့ဆေးရုံကြီးပေါ်ကVIPအခန်းထဲမှာ အအေးဒဏ်ကိုအံတုနေကြသော 19နှစ်အရွယ်ကောင်လေးနဲ့18နှစ်အရွယ်ကောင်လေးးနှယောက်ရှိပါသည်။19နှစ်ရွယ်ကောင်လေးဟာ 18နှစ်အရွယ်ကောင်လေးရဲ့ အချမ်းတက်မှုကို သူနားလည်သလိုတက်နိုင်သလောက် အပူမတက်ရန်ကာကွယ်ပေးနေရှာပါ၏။

မနက်2နာရီလောက်ကြီးး‌ေဂျာင်ဟန်ဆက်ခနဲလန့်နိုးလာသည်မှာ စိုးရိမ်‌စိတ်‌ေတွများလွန်း၍ လူကအိပ်ပြီး ဦးနှောက်လှိုင်းတွေက ကောင်းကောင်းမအိပ်တာဖြစ်မည် ။နိုးလာတော့ မင်ဂယူ့ရင်ခွင်ထဲမှာ ကျစ်နေအောင်ဖက်ထားခြင်းခံရပြီးး တစောင်းဝင်အိပ်‌ေနခဲ့သောကြောင့် ဂျောင်ဟန့်ပေါင်တွေကိုလည်း သန်မာသောခြေထောက်တွေကခွထားသေးသည်။မင်ဂယူ့ရင်ခွင်ထဲတွင် ကျစ်နေအောင်လက်မောင်းတွေနဲ့ကော ခြေထောက်တွေနဲ့ပါခွထားသည်မှာ ဖက်လုံးလေးအတိုင်း။မင်ဂယူကဂျောင်ဟန့်ထက်စာရင် အရပ်ရှည်တာမို့ ဂျောင်ဟန့်မျက်နှာက မင်ဂယူ့ရင်ဘတ်တွင်အပ်နေသည်။အသက်ရှူဖိူ့ခေါင်းမော့လိုက်တော့ လည်ပင်းက Adam appleနဲ့ဂေျာင်ဟန့်နှာခေါင်းကကွက်တိ။ကျစ် ဒီကောင် လူကိုဖက်လုံးနဲ့မှားနေပြန်ပြီထင်တယ်။

-"ဒါနဲ့ ဆရာကညည့်နက်ပိုင်းသတိရမယ်လို့ပြောခဲ့တာကို ခုချိန်ဆိုသတိရသင့်နေပြီကို ဘာလို့ အခုထိ သတိမရသေးတာလဲ စိုးရိမ်ရလားးးမသိပါဘူးး"

ဂျောင်ဟန်တီးတိုးရေရွတ်မိပြီး သူ့ရင်ခွင်ထဲကထွက်ဖို့နည်းနည်းလှုပ်ရှားကြည့်လိုက်သည်။အနည်းငယ်လူးလွန့်လှုပ်ရှားကြည့်လိုက်တော့ ပြန်ဆွဲဖက်လိူက်တာများ အင့်ခနဲ။ဒုက္ခပဲ ခနတော့ဖယ်မှရမည်။သူအခြေအနေသိရအောင်လို့ပါဆို အခြေအနေမဟန်ရင် ဆရာဝန်ကြီးပြေးခေါ်ရအောင်ကို ဘယ်လိုလုပ်ရမလဲ။ထပ်ပြီး သူ့လက်မောင်းကြီးတွေကိုဆွဲဖယ်ဖို့ကြိုးစားရသည်။

-"အင်းးးးးဟင်းးးးဟင်းးးး အင်းးး"

တအင်းအင်းညီးညူးသံတော့ထွက်လာပြီ။ဒါဆိုရင်တော့မစိုးရိမ်ရလောက်ပါဘူးးး။အိပ်ပျော်နေတာပဲနေမှာပါ။ဆေးလေးဘာလေး ဝင်အောင်တိုက်ရအောင်နှိူးလိုက်ရမလားးပဲ။ပြီးမှဆက်အိပ်ရင်အိပ်ခိုင်းရမလားး။နေအုံးး အဲ့တာဆို ဂျောင်ဟန်အရင်ရအောင်ဖယ်ပြီး အက်ျ ီဝတ်မှ မဟုတ်ရင် ရှက်သွေးတွေဖြာပြီး ကိုယ်ပူတွေပြန်တက်လာရင်မှ ပြဿနာ။ရင်ခွင်ထဲမှသာ အ‌ေတွးတွေစုံနေတာ လက်တွေ့မှာတော့ လှုပ်လို့တောင်မရ။တအားရုန်းပြီးထ‌လိုက်ရင်တော့ရတယ်။အဲ့လိုဆို သူ့ကိုပါနှိုးလိုက်သလိုဖြစ်အူံးမှာ။


ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now