အပိုင်း(၈)

210 22 0
                                    

မနက်ဖြန်ကျောင်းတွေပြန်ဖွင့်တော့မှာမို့ မင်ဂယူ့အမေက အဆောင်လာပို့ခြင်းဖြစ်သည်။မင်ဂယူတယောက်ထဲလားဆိုတော့ ဒိုဂယောင်းတို့မိသားစုပါပါသည်။သူငယ်ချင်းနှစ်ယောက် တူတူအဆောင်နေရမယ်တဲ့ ဒယ်ဂူးကသူ့ငယ်ချင်းအပျိုကြီး ဖွင့်ထားတဲ့အဆောင်ထိ တကူးတကလာပို့ပြီး အထက်တန်းနှစ်နှစ်လုံး ဒီမှာပဲနေရမယ်တဲ့လေ။ကျောင်းလည်းအထက်တန်းနှစ်စ‌ေရာက်တဲ့ ဒီနှစ်မှာပဲ ဒယ်ဂူးကိုသူငယ်ချင်းနှယောက် ပြောင်းလာကြတာဖြစ်သည်။နေရာသစ် အဆောင်သစ် ကျောင်းသစ်မှာနေရတော့မှာမို့ 17နှစ်မပြည့်သေးတဲ့ကျောင်းသားလေးနှယောက်က စိတ်လှုပ်ရှားနေပါသည်။

-"ဆန်းမီရေ့ တို့သားကိုအပ်ပါတယ်နော် ကောင်လေးက ပျာယာခတ်ပေမယ့် လိမ်မာရေးခြားရှ်ိပါတယ်။စာနဲ့ပတ်သတ်လာရင်တော့ တို့ကိုအားနာစရာမလိုဘူးသိလားးပြောစရာရှိတာပြော ငေါက်စရာရှိတာငေါက်။ပြောမနိုင်တာပဲဖြစ်ဖြစ် စာမလိုက်နိုင်တာပဲဖြစ်ဖြစ် ဘာအကြောင်းရှိရှိတို့ကိုဖုန်းဆက်ပါနော်။"

ဂယောင်ဂျာ ကျောင်းနေဖက်သူငယ်ချင်း တဖြစ်လဲအဆောင်မှူးကို သေချာအပ်မိသည်။ပြေးကြည့်မှ ဒီမအေနဲ့ဒီသားလေးပဲရှိတာ တယောက်ရှိတဲ့သားလေးကိုတော့ ထွန်းထွန်းပေါက်ပေါက်ဖြစ်စေချင်ပါသည်။ အချိန်တန်ပွဲရုံကိုဦးစီးမှာဆိုပေမယ့် လူရိုသေရှင်ရိုသေ ဘွဲ့ကောင်းကောင်းလေး တခုရထားမှ အလုပ်သမားအပေါ်လွှမ်းထားနိုင်မယ်မဟုတ်ပါလား။နိုင့်ထက်စီးနင်းမတရားစိတ်ဖြင့် လွှမ်းမိုးချင်စေခြင်းမဟုတ်ရပါ။ဆောလ်အူးလိုနေရာကဘွဲ့တခုရထား‌ေတာ့ ဘာပဲဖြစ်ဖြစ် 'ဂယောင်ဂျာ့ သားကဆောလ်အူးကနေဘွဲ့ရထားတာ လခစားးမလူပ်ချင်လို့ ပွဲရုံပိုင်ရှင်ဝင်လုပ်နေတာလေ သွားအထင်သေးလို့မရဘူး'ဆိုတာမျိုးပဲဖြစ်စေချင်ပါသည်။ဘာအတန်းပညာမှမတက်ပဲ အချိန်တန်ပွဲရုံဝင်ဦးစီးလည်းရသားပဲ ဒါပေမယ့် ကိုယ့်အလုပ်သမားပြောသမျှယုံပြီး လှိမ့်သမျှခံရနိုင်သည်။နောင်တချိန်တယောက်ထဲကျန်ခဲ့ရမယ့် သားကို ဂယောင်ဂျာထိုသို့အဖြစ်မခံနိုင်သည်မှာ မိခင်တဦးမှာ ရှိသင့်တဲ့အတ္တတစ်ခုပါပဲ။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now