အပိုင်း(၃၃)

330 36 6
                                    

-"သားးးမင်ဂယူ ကိုယ့်အိမ်ကိုယ့်ယာလိုနေနော် ဘာမှအားမနာနဲ့ သိလားခလေးးလွတ်လွတ်လပ်လပ် သက်တောင့်သက်သာနေနော် ဘာမှအားနာစရာမလိုဘူးသိလားးး တီယူနဲ့မမက ဟိုဘက်အခန်းမှာနေတာ သားကိုဧည့်သည်ခန်းလုပ်မပေးတော့ဘူး ရတယ်မလား မင်းအကိုနဲ့တခန်းထဲနေလိုက်သူ့အခန်းကအကျယ်ကြီးပဲသိလားး။"

-"ဟုတ်ကဲ့ပါ တီယူ ဧည့်သည်ခန်းမလုပ်‌ေပးပါနဲ့ အဆင်ပြေပါတယ် ခင်ဗျ နှစ်ညအိပ်လေးပါပဲ ပြီးရင် ဂျယ်ဂျူးကိုပြန်မှာလေ အကိုဂျီဆူးကောအကိုဂျောင်ဟန်ကောလိုက်မှာ တဖွဲ့လုံးလေ တီယူ"

-"အေးပါ အေးပါ မင့်အကိုကအဲ့လိုသူများဆီလိုက်မလည်ဘူးလေ တအားဇီဇာကြောင်တာ မင့်အိမ်ကပြန်လာပြီး ဂျယ်ဂျူးကဘယ်လိုလှကြောင်း မမနဲ့တီယူ့ကို‌ပြောနေတာဟယ် "

-"ဟုတ်လားးး ဟီးဟီးးး"

-"ဟုတ်ပါ့ ကဲ ကဲ သွားနားကြအုံးး ညကျတီယူကြက်ကြော်နဲ့ကိုလာကျွေးမယ်။သားး ဂျောင်ဟန် ‌ခလေးကိုခေါ်သွားတော့။"

-"Nae "

စာမေးပွဲပြီးလို့ ဂျယ်ဂျူးမပြန်ခင် သူငယ်ချင်းတွေနဲ့လည်ရန် အကိုဂျောင်ဟန့်အိမ်လိုက်လာခြင်းဖြစ်သည်။ဒိုဂယောင်းကတော့ဂျီ‌ဆူးဟျောင်းအိမ်မှာပေါ့။မနက်ဖန်မနက် ဟိုကောင်တွေနဲ့ချိန်းကာ ဒယ်ဂူးရဲ့နာမည်ကြီး စားသောက်ဆိုင်တွေ ညဈေးတန်းတွေသွားမှာဖြစ်သည်။အကို့အိမ်ပထမဆုံးလိုက်ဖူးသဖြင့်ရင်ခူန်နေသည်။အကို့အဒေါ်ကော အကို့အမေကောကသဘောကောင်းဖော်ရွေကြသည်။အကိုအဖေကတော့ အကိုပြောဖူးတဲ့အတိုင်းအိမ်မကပ်တာမိူ့ မတွေ့ရ။အကိုက မင်ဂယူ့အထုတ်တွေသယ်ပြီး သူ့အခန်းထဲတန်းနေအောင် ဝင်သွားသည်။ကျန်တဲ့သေတ္တာတွေ အိပ်ယာလိပ်တွေက ဂျယ်ဂျုးပြန်မှ ကားပေါ်တင်သွားမှာဖြစ်သည်။ခုလောလောဆယ်ကတော့ အကိုအိမ်မှာလဲဝတ်ဖိူ့ အဝတ်သုံးစုံလောက်သာ ပေါ့ပေါ့ပါးပါးထည့်လာဖြစ်သည်။

-"ဒါငါ့အခန်းးးး အေးဆေးနေနော် မင်ဂယူ"

-"ဟုတ် အကို့အခန်းကအကျယ်ကြီးပဲ"

-"ဟုတ်လားးးနည်းနည်းရှုပ်ပွနေတယ်မလားးး။"

-"အကို့အခန်းကိုရောက်ဖူးတဲ့သူက ကျွန်တော်ပထမဆုံးလားဟင်"

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Dove le storie prendono vita. Scoprilo ora