အပိုင်း(၁၃)

270 24 0
                                    

-"ဟျောင်း ဒါဒီလိုရှိတ်ရတာ ဟုတ်တယ်မလား"
-"အေး ဟုတ်မှာပေါ့ ငါလည်းတွက်တော့တွက်နေတာပဲ"

မင်ဂယူ့၏အ‌ေမးကို‌ေဖြလိုက်‌ေသာ ဂျီဆူးဟျောင်း၏မသေချာမရေရာသောစကား။မသေချာဆိုဂျီဆူးဟျောင်းကလည်း အတွက်သိပ်မရသည်ကိုးး တကယ့်နှယောက်တစ်ခုံထဲထိုင်ပြီး တွက်နေကြသည်။မိန်းခလေးတွေကလည်း အနောက်ဆောင်ပြန်ကုန်ပြီ ည(၈)နာရီ ရုပ်ရှင်ပြမှပြန်လာကြမှာ ဖြစ်သည်။ဒီနေ့ကရုပ်ရှင်ပြမယ့်ည ဖြစ်သည်။ကြည့်ချင်လည်းကြည့်နိုင်သလို မကြည့်ချင်ပဲ အပေါ်တက်ပြီး စာလုပ်ချင်လုပ် အိပ်ချင်အိပ်လို့လည်းရသည်။ဒါကြောင့် ညနေကထဲက ယောက်ျားလေးဆောင်က ယောက်ျားလေးတွေ စာကိုအသည်းအသန်လုပ်နေကြခြင်းးး။စာကခုကထဲက လုပ်နိုင်သလောက်လောက်များများ လုပ်ထားဖို့ဆရာမကပြောသည်။ရှေ့တပတ်လောက်နေရင် ဆောင်ဦးပိတ်ရက်‌ ကျောင်းပိတ်အူံးမှာဖြစ်သဖြင့် ဆရာမက ၃ရက်လောက်တော့ ပိတ်ချင်ပိတ်ပေးမှာ နင်တို့အပေါ်မူတည်တယ်တဲ့ နင်တို့စာသေချာလုပ်ရင် ပိတ်ပေးမယ်ဆိုလို့ အကုန်အပိုးကျိုးကျိူးနဲ့လုပ်နေကြခြင်းဖြစ်သည်။ဂျောင်ဟန်ဟျောင်းနဲ့ ဒိုဂယောင်းကရှေ့မယ် ခေါင်းချင်းဆိုင်တွက်နေပြီ တကယ့်ဟိုက်ပါနှယောက် သူတို့နှယောက်ပဲပညာပြိုင်နေတယ် နောက်ကမင်ဂယူတို့ကျတော့ဘာဖြစ်ဖြစ်ပေါ့လေ။ရလားလို့‌ေတာင်လှမ်းမ‌ေမး။မင်ဂယူလည်း ဖြစ်ညှစ်တွက်နေမိသည်။ဟွန်းဘင်းတို့ဂျင်ဖီတို့ကောင်တွေကလည်း မိန်းခလေးတန်းဘက်မှာ ထိုင်ပြီးအကြိတ်အနယ်။မင်ဂယူနဲ့ဂျီဆူးဟျောင်းသာ စမ်းတဝါးဝါးနဲ့သခ်ျာနဲ့ဆိုရင်မထွက်တဲ့ ညဏ်လေးကို နှစ်ယောက်ပေါင်းဦးနှောက်တခုနဲ့ အတူတူပေါင်းတွက်နေရသည်။မတွက်လို့ကလည်းမရ ဆရာမက ပြီးရင်အ‌ေဖြတိုက်ပေးမှာတဲ့

-"မင်ဂယူရေ့ ပြီးပြီလား ဟျောင်းတော့ကိုယ်စွမ်းရှိသလောက်တော့ တွက်ထားတာပဲ ဆရာမလာမှ အဖြေတိုက်ရမယ် မှားတော့လည်း ပြန်တွက်ယုံပေါ့"

-"ပြ‌ီးကြပြီလား အကုန် အဖြေတိုက်မယ် "

ဂျီဆူးဟျောင်းစကားအဆူံး ဆရာမက ဝင်လာပြီး အဖြေတိုက်နေပြီ ရှေ့ကခုနှစ်ပုဒ်လောက်ထိမှန်နေသေးသည်။အခြေအနေမဆိုးသေး။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Onde histórias criam vida. Descubra agora