အပိုင်း(၆)

224 29 0
                                    

2002 ဂျယ်ဂျူ

ဂျယ်ဂျူမှာရှိတဲ့ ‌စပါးစိုက်ခင်းတွေကြားမှာဆော့ကစားနေတဲ့ငါးနှစ်အရွယ်ကောင်လေး အီဒိုဂယောင်းးး

-"ဒိုဂယောင်းရေ အရမ်းကြီးမဆော့ပါနဲ့လား ငါ့သားရာ အလုပ်လုပ်နေတဲ့သူတွေအာရုံနောက်အောင်ကွာ"

အဖေလုပ်သူဆွန်းဆော့ကပြောမိတော့

-"မဟုတ်တာ အစ်ကိုဆွန်းဆော့ရေ ခလေးပဲဆော့တာ ဆော့ပါစေပေါ့ ကျွန်မတို့ကအနှောက်အယှက်မဖြစ်ပါဘူးးး။သူလယ်ကွင်းတွေကြား မှောက်လဲမှာသာစိုးရိမ်တာပါတော်။"

အလုပ်သမားလေးတွေကတော့ အနှောက်အယှက်မဖြစ်ဘူးပဲပြောရမှာပေါ့။သူတို့လယ်ပိုင်ရှင်သားကိုးးး။ဘယ်လိုပဲပြောပါစေ ဆွန်းဆော့အားနာမိပါသည်။ကိုယ့်ခလေးကိုလည်း ငြိုငြင်မှာစိုးရိမ်မိပါသည်။ခနနေသူ့အမေထမင်းထုတ်လာပို့ရင်တော့ ပြန်ထည့်လွှတ်လိုက်ရမယ်။

-"အဖေကလည်း သားကဦးလေးတိူ့ အန်တီတို့ အနှောက်အယှက်ဖြစ်အောင်မဆော့ပါဘူး‌ဗျာ။သားကိုဆိုငေါက်ချင်နေတော့တာ ဘာမှတောင်မဆော့ရသေးဘူးးးး။မင်ဂယူကဒီနေ့မလာလို့ တယောက်ထဲပျင်းလို့လိုက်လာပါတယ်ဆိုမှပဲ။"

ဒိုဂယောင်းခြေဆောင့်ကာ ပြောမိသည်။မင်ဂယူကလည်း သူ့မေပွဲရုံများလိူက်သွားပြီလားမသိပါဘူး။အိမ်ဘက်ရောက်မလာတာတောင် တပတ်လောက်ရှိတော့မယ်။ဆော့ရမယ့် ရက်တွေကသိပ်မကျန်တော့ဘူးး။မူကြိုတက်ရတော့မယ်နှယောက်လုံး အဟင့်။

စိတ်ညစ်ပါတယ် အဲ့ကျောင်းဆိုတာကြီးက မတက်လို့မရဘူးလားမသိဘူးးးး။မင်ဂယူနဲ့တက်ရမှာဆိုရင်တော့တအားတော့မပျင်းရလောက်ဘူးထင်တာပဲ။‌တွေးရင်စူပုတ်နေမိစဉ်..

-"ဒိုဂယောင်းးရေ ဒီမယ့် တော့်ဘော်ဒါ မင်ဂယူလိုက်လာတယ်ဟေ့"

-"မင့်သားတော့ စိတ်ဆိုးနေတော့မှာပဲကွာ အဟားးးဟားးးး ခုနကတင်တယောက်ထဲဆော့တာကို သိပ်မဆော့နဲ့ပြောထားရတာ ခုတော့ မျောက်လောင်းနှကောင်တွေ့ကြပြီဟေ့"အဖေ့ရဲ့စနောက်နေသံကိုပြန်မပြောအားးး

-"မင်ဂယူရားးးးခုမှလာတယ် ငါတယောက်ထဲ ဘယ်လောက်ပျင်းနေတယ်မှတ်လဲ"

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now