အပိုင်း(၁၂)

228 23 0
                                    

ရှေ့ကသမိုင်းဆရာက သမိုင်းကြောင်းတွေရှင်းပြနေချိန်ရှေ့ကနေ တဆက်ဆက် အိပ်ငိုက်နေတဲ့ မင်ယူကြောင့် ဂျောင်ဟန်တယောက်ဆရာမိသွားမှာစိုး၍ အသည်းယားနေသည်။နည်းနည်းပါးပါးထိန်းပါအုံးလား ဒီကောင်လေးဟာလေ စိတ်ကိုလွှတ်ပေးထားရသလား စာကျက်ချိန်ငိုက်တာက သိပ်ကိစ္စမရှိ စာသင်ချိန်ငိုက်ရင် ဆရာက မတ်တပ်ထခိုင်းပြီးး သူသင်လက်စကော သင်ပြီးတဲ့စာတွေပြန်မေးတက်သည်။သူမေးတာမဖြေနိုင်ရင် အဆောင်မှူးကို တိုင်ခဲ့သဖြင့် ညရောက်ရင် နားပူအောင်ဆူခံရသည်။တယောက်ငိုက်တာနဲ့ ဘယ်သူငိုက်ငိုက်အဲ့ဒီအတိုင်းလုပ်တာဖြစ်၍ ကျောင်းသားကျောင်းသူတွေက ကိုးရီယားသမိုင်းဆရာအချိန်ဆို ဆင်ခြင်ကြသည်။ကျောင်းသား ကျောင်းသူတွေအငိုက်ဆုံးအချိန်ကလည်း ဤကိုရီးယားသမိုင်းချိန်ပဲဖြစ်သည်။

-"ရားးး ဂင်မင်ဂယူ သတိထားစမ်းပါ"

ဘေးကဒိုဂယောင်း၏သတိပေးနေသံကို ‌ဂျီဆူးးကြားနေရသည်။ထုံးစံအတိုင်း ဂျီဆူးတို့ကနောက်ဆုံးခုံမှာ နှယောက်ထဲထိုင်သည်။အရှေ့ကဒိုဂယောင်းနဲ့ မင်ဂယူ။ရှေ့တန်းတွေမှာကတခြားကျောင်းသားများ အဆင်ပြေသလိုထိုင်ကြသည်။စာသင်ခန်းက မြောက်ဘက်တွင် white boardရှိတဲ့အတွက် ကျောင်းသားတွေက မြောက်ဘက်လှည့်ထိုင်ရသည်။ယောက်ျားလေးတန်းကဘယ်ဘက်က ညာဘက်ကမိန်းခလေးတန်းဖြစ်ပြီး အလယ်မှာ လူသွားလမ်းက အနည်းငယ်ကျယ်သည်။ဂျီဆူးတို့ခုံနောက် အနည်းငယ်မှာ မီးဖိုခန်းနဲ့စာသင်ခန်းကူးတဲ့တံခါးရှိပြီး စာသင်ချိန်ဆိုပိတ်ထားတက်သည်။မီးဖိုဆောင်ရဲ့ညာဘက်ထောင့်မှာ ယောက်ျားလေးတွေအိပ်တဲ့ အပေါ်ထပ်သို့တက်‌ေသာ‌ေလှကားရှိပြီး ယောက်ျားလေးဆောင်ကအတန်သင့်ကျယ်ပါသည်။အခန်းကျယ်ပြီး စဖွင့်ခါစဖြစ်သဖြင့်လူနည်းသည်။စာသင်ခုံတွေကလည်းရှည်ပြီးကျယ်သဖြင့် နေရာအတည်တကျမရှိပါ အဆင်ပြေတဲ့နေရာဝင်ထိုင်ကြတာပါပဲ။တခါတလေ လေးယောက် သုံးယောက် နှယောက် စိတ်ပါရင်ပါသလိုထိုင်ကြသည်။မိန်းခလေးတွေပြန်သွားချိန်ဆိုပိုဆိုးသည် မိန်းခလေးတန်းဘက်ပါ ‌သွားထိုင်ပြီးစာလုပ်ရင်လုပ်ကြသေးတာ။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now