အပိုင်း(၂၈)

391 29 6
                                    

 -"ဆရာဝန်ကြီးက ဆေးရုံဆင်းလို့ရပြီတဲ့သားးး အမေတို့ပြန်ရအောင်။သားရော အန်တီတို့ကားနဲ့လိုက်ခဲ့ အဆောင်ဝင်ချပေးခဲ့မယ်လေ။"

-"ဟုတ်ကဲ့ အန်တီ။"

-"အမေ့ သားတစ်ညပဲအိပ်မှာနော်။"

-"အေးပါဟယ် တကထဲ သူများတွေအိမ်ကနေ အဆောင်မပြန်ချင်တာပဲကြားဖူးတယ် နင့်ကျမှပဲ "

-"စာမေးပွဲကမလို့တော့ပါဘူးဆို အမေကလဲ"

-"အေးပါ အေးပါ ခုတော့သွားကြမယ်။"

-"nae"

မင်ဂယူ့အမေကဆရာဝန်ကြီးနဲ့သွားဆွေးနွေးနေရာမှ ပြန်လာပြီး စိတ်ချရပြီဟုဆိုကာ အိမ်ပြန်ဖို့လုပ်ရတော့သည်။အိမ်ပြန်မလိုက်ချင်တဲ့ကောင်လေးက အမေနဲ့ဆရာမကိုမလွန်ဆန်နိုင်လို့သာလိုက်ရမှာ သိပ်တော့မလိုက်ချင်တဲ့ပုံပါ။ဂျောင်ဟန် မနည်းချော့ပြောထားရသည်။တညအိပ်ထဲ သေချာအနားယူခဲ့ဖို့သေချာမှာထားရသည်။




အဆောင်ရှေ့ရောက်တော့ အန်တီကဆရာမနဲ့စကားပြောရန်အထဲဝင်သွားသည်။မင်ဂယူနဲ့ဂျောင်ဟန်လဲ အဆောင်ထဲဝင်လာတော့ စာလုပ်နေတဲ့ကောင်တွေက လှည့်ကြည့်ကာ တယောက်တခွန်းမေးကြတော့သည်။

-"ဟာ မင်ဂယူ သက်သာသွားပြီလား။"   "အိမ်ပြန်လိုက်ရမှာပေါ့ မင်း။"  သေချာနားခဲ့နော် မင်ဂယူ။"

-"အေး သက်သာပြီ မင်းတို့ကျေးဇူးကြောင့် အဆင်ပြေသွားတာ ကျေးဇူးပဲ ငါ့ကောင်တို့။ငါအမေနဲ့ တညအိပ်လောက်ပြန်လိုက်သွားရမှာ အပြန်မှတွေ့မယ်။"

-"‌အေးအေးး သေချာနားခဲ့နော်။"

-"အေးး အေးးး ငါသွားပြီ။"မင်ဂယူအပြင်ဘက်ထွက်ခဲ့တော့ ဂျောင်ဟန်ဟျောင်းက ကားနားအထိ ထွက်လိုက်ပို့သည်။လိုက်မပို့လည်းမရ မင်ဂယူက လက်ဆွဲခေါ်လာတာကိုးးး။

-"ဟျောင်းး ကျွန်တော်သွားတော့မယ်။သတိရနေမယ် သိလား။"

လက်ကိုကိုင်ထားတာမလွှတ်သေးပဲ မျက်နှာခပ်ညှိုးညှိုးဖြင့်ပြောနေတဲ့ ကောင်လေးကြောင့် ဂျောင်ဟန်ရီသာရီမိတော့သည်။တညအိပ်လေးကို ဒီကောင်လေးဟာ သိပ်ကိုအကဲပိုနေတာ။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now