အပိုင်း(၂၄)

423 27 8
                                    

-"နားလည်လားးး မင်ဂယူ နားမလည်တာရှိရင် ချက်ချင်းမေးးနော် တို့ကိုအားမနာနဲ့"

-"ဟုတ်ကဲ့ နားလည်ပါတယ် "

-"အွန်း အွန်း ဂျီဆူးကော ဘယ်လိုလဲ တို့ရှင်းပြတာနားလည်ရဲ့လားးး အဆင်ပြေလား"

-"ဟုတ် အဆင်ပြေပါတယ်"

စင်ဒီ ကောင်လေးနှယောက်ကိုကြည့်ရင်း သဘောတကျပြုံးမိသည်။တကယ့်ကို ဖြူစင်တဲ့ခလေးလေးနှယောက်။အရောင်ပေါင်းစုံဆေးခြယ်ပစ်ချင်လိူက်တာ။

-"မင်ဂယူက ဂျယ်ဂျူးကလာတာတော့ သိသွားပြီ မမတို့ဂျီဆူးလေးကကော ဒယ်ဂူးကပဲလားးး ဟင်"

နောက်ဆုံးက ဟင် ဆိုတဲ့အသ‌ံကအစ ခလေးလေးတွေကိုမြူပြီး မေးလိုက်သလိုအသံဖြင့်စင်ဒီမေးလိုက်သည်။

-"ကျွန်တော်က ဒယ်ဂူးကပါပဲအမ အဆောင်နဲ့သုံးလမ်းကျော်ကပါ။"

-"ဟယ် ဟုတ်လားးး။မမကဝေးမယ်တောင်ထင်နေတာ နီးနီလေးပဲ"

-"ဟုတ် ။"

ဂျီဆူးစာတွက်ရင်းပြန်ဖြေမိသည်။ဘေးကမင်ဂယူကလည်း သခ်ျာပဲအာရုံစိုက်တွက်နေသည်မှာ သူ့ဘက်ကိုလ‌ှည့်လာပြီး မေးခွန်းတေ‌ွမေးမှာ ကြောက်နေသည့်ပုံပါ။ဂျီဆူးလည်း အရေမရဖတ်မရတွေ ဖြေမနေချင်ပါ။သူ့အချိန်တစ်နာရီမြန်မြန်ပြီး ပြီးတာပဲ အာရုံစိုက်တွက်ချင်ပါသည်။

-"အိမ်ကကော ဘာအလုပ်လုပ် လုပ်လဲဟင် မောင်နှမကကော ဘယ်နှယောက်ရှိလဲ။"

'ခင်ဗျားစောက်ကြောင်းပါလားး'ဒိုဂယောင်းးတော်တော် စိတ်တိုနေပြီ ရှေ့ကမိန်းမကို။တစဆီဆွဲဆုတ်ပစ်ချင်လာပြီ။သူများရည်းစားကို ဂျီဆူးလေး ဂျီဆူးလေးနဲ့ တော်တော်ခေါ်လို့ကောင်းနေတာ။ကျက်သရေတုံးလိုက်တာ။ဟုတ်ပါပြီ မိုးကောင်းတုန်းရွာထားးပါ။ခင်ဗျားနဲ့ထင်းခွေမကြုံ ရေခပ်တော့ကြုံအုံးမှာပါ။

-"လမ်းထဲက H.O.N.Gဆိုတဲ့ဆိုင်ကကျွန်တော်တို့ဆိုင်ပါအမ မောင်နှမကတော့ သုံးယောက်ပါ အမနှယောက်ရှိပြီး ကျွန်တော်ကအငယ်ဆုံးသားပါ။"

-"ဟယ် ဟုတ်လား အဲ့ဆိုင်ကိုသိတယ်လေ တို့အိမ်နဲ့လည်းသိပ်မဝေးဘူးး။အဲ့ဆိုင်ကဂျီဆူးတို့အိမ်လား အမကိုတွေ့ဖူးလား အမဝယ်နေကျလေ အမကိုမြင်ဖူးလား"

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now