အပိုင်း(၃၆)

285 41 15
                                    

-"ဂျောင်ဟန်ဟျောင်းးးးး ဘာလုပ်နေတာလဲဟင်"

-"ဟမ် ဘာလုပ်ရမှာလဲ မင်းနဲ့ဖုန်းပြောနေတာပေါ့ကွ"

-"ကျွန်တော်နဲ့ဖုန်းမပြောခင်က ဘာလုပ်နေတာလဲလို့"

-"အင်မ် အော် ငါစာရင်း‌ေတွတွက်ကူနေတာလေ တီယူနဲ့အမေကို ကားခတွေစာရင်းကိုက်လားတွက်ပေးနေတာ မင်းကော မင်းအမေကို ပွဲရုံကို လိုက်မကူဘူးးလားးးး"

-"ကူမှာပေါ့ကိုကိုကလည်းးပဲ အေးဆေးပေါ့ဘာတွေလောနေတာတုန်းးး။"

-"အေးပါ ညီလေးရယ်"

--"ဟာ ကိုကိုနော်"

-"အေး ညီလေးပြော"

-"ဝွန်းးးဟွန့်  ကိုကိုကဗျာ ညီလေးမလုပ်ချင်ဘူးလို့ ရည်းစားလေးပဲလုပ်ချင်တာပါဆို ဆို ဆို ဆိုနေမှ" 

အောင်စာရင်းထွက်ဖို့ ရက်အနည်းငယ်ပဲလိုတော့တာဖြစ်သည်။ဂျောင်ဟန်တို့ ဂျယ်ဂျူးကနေ ငါးရက်လောက်နေပြီးး ပြန်ရောက်တာတောင်ကြာနေပြီ။ပြန်ရောက်ပါပြီဆိုကထဲက ဂင်မင်ဂယူတို့တငိုငိုတရီရီဖြစ်နေတာ ဖုန်းကလည်းတနေ့ကို နှစ်ခါကအနည်းးဆုံးးးပြောပေးရသည်။မဟုတ်ရင်ကောက်တာ။ဟိုတခါ ဖုန်းတွေခနခနပြောရလို့ အလုပ်ကများတုန်းသူ့ဖုန်းကလာတော့ စိတ်မရှည်ပဲအော်လိုက်မိတာ မနက်ကျဖျားရောတဲ့။သူ့အမေကဖုန်းလှမ်းဆက်တာ "သားရေ သားနဲ့စကားများထားကြတာလားးး ညနေကထဲကအခန်းထဲကမထွက်လို့ မနက်ကျအခန်းထဲဝင်ကြည့်တော့ ကိုယ်တွေပူပြီးဖျားနေတာ အဲ့တာ အန်တီမေးတာလည်းတခွန်းမှစကားပြန်မရဘူးး ဆေးတိုက်ဖို့ပြောတာလည်း မလှုပ်ဘူး မျက်လုံးကြီးပြူးပြီးအိပ်ထားပုံလည်းမရဘူးး အခန်းထောင့်မှာ ငူငူကြီးစကားလည်းမပြော အစာလည်းမစားတညနေလုံး တညလူံးထိုင်နေတဲ့ပုံပဲ အဲ့တာသားဖုန်းဆက်ပြီး အစာစားဖို့နဲ့ဆေးသောက်ဖို့ပြောပေးပါအုံးးးသားရယ်"တဲ့ဆိုပြီး ဖုန်းဆက်လို့ ဂျောင်ဟန်မှာ အထိတ်တလန့်နဲ့ဖုန်းဆက်ပြီးချော့ရသေးသည်။စိတ်သာလွတ်တာ ဂျောင်ဟန့်ဖုန်းကိုတော့ ဘယ်ကထဲကစောငိ့နေတယ်မသိကိုင်‌ေတာ့ကိုင်ရှာသည်။ဖုန်းကိုင်တော့ အသံတွေကအက်ကွဲရှတနေသည်။အစာကောရေပါ အငတ်ခံထားပုံပါ။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Tempat cerita menjadi hidup. Temukan sekarang