အပိုင်း (၃၉)

418 31 7
                                    

-"ဟျောင်းးးးနည်းနည်းလေးးအားစိုက်လိုက်အုံးးးးရတော့မှာ"


-"ဟုတ်ပြီ ဟာနာ ဒူးလ် ဆဲလ် ရားးးးးးးးး"


-"ရပြီ ဟူးးးးး"

ဂျီဆူးနဲ့ဒိုဂယောင်းနှယောက်သားးး အခန်းသန့်ရှင်းရေးလုပ်နေကြတာဖြစ်သည်။ကုတင်နှစ်ခုကိုရောက်တဲ့ညကထဲက ဆက်ပစ်လိုက်တာဖြစ်သည်။အဲ့တော့ နေရာထွက်လာပြီးးး ပိုကျယ်သွားတာပေါ့အခန်းက။ခုဟာက ပိတ်ရက်ဖြစ်သဖြင့်သန့်ရှင်းရေးလုပ်ရင်းးး ကုတင်အောက်တွေပါ သန့်ရှင်းနေကြတာဖြစ်သည်။ခုဆိုကျောင်းဖွင့်တာ နှစ်လလောက်ရှိပြီဖြစ်၍ ‌သူငယ်ချင်းတွေတောင်ဂျီဆူးကရနေပေါ့။သူငယ်ချင်းဆိုတာကလည်း ဘေးခုံက ဆွန်းဂွမ်နဲ့အီချန်းပါပဲ။သူတို့နှယောက်ကတကယ်ပဲဂျီဆူးကိုချစ်ကြပါသည်။အချိန်ခဏလေးအတွင်းကို မြန်မြန်ဆန်ဆန်ရင်းနှီးလာခဲ့တာ။ဒိုဂယောင်းကတော့ သူငယ်ချင်းမရသလိူပါပဲ။မောင့် စိတ်ကိုလေ တခါတခါဂျီဆူးနားလည်ဖို့ တအားကြိူးစားရတာပဲ။ဂျီဆူးး ဆွန်းဂွန်နဲ့အီချန်းတို့နဲ့ပေါင်းတာကိုလည်း ကြိုက်သလိုလို မကြိုက်သလိုလိုပါ။ကျောင်းမှာ သုံးယောက်သား စကားတပြောပြောနဲ့ရီမောနေရင် မောင်ကဂျီဆူးကိုစာရှင်းပြခိူင်းတာမျိုးးး။‌သန့်စင်ခန်းသွားချင်လို့လိူက်ခဲ့ပါအူံးးးကတဖုံ နည်းမျိူးစူံဖျက်တက်သည်။


-"ဪ ဒိုဂယောင်း ခဏနေကြရင် ဆွန်းဂွမ်တို့နဲ့ဟျောင်းအပြင်ခနသွားအုန်းမယ်နော်။"

ဂျီဆူးလှမ်းပြောလိုက်တော့ စာအုပ်စင်‌ကိုစာအုပ်တွေစီနေရမှ ဆက်ခနဲလှည့်လာပြီးးးးမျက်မှောင်တွေကချက်ချင်းကြုံလာကာ မေးခွန်းတွေစလာတော့သည်။



-"ဘာသွားလုပ်မှာလဲ ဘယ်ကိုသွားမှာလဲ။"

-"ဟို စာကြည့်တိုက်ဘက်ပါ English to Korean ဘာသာပြန်စာအုပ်ဖတ်စရာလေးတွေရှိလိူ့လေ အဲ့တာ။"


-"အရေးကြီးတာလားးး"


-"အရေးကြီးတာတော့ မဟုတ်ပေမယ့်..........."


-"အဲ့လိုဆိုမသွားနဲ့"

-"ဟာ ဒိုဂယောင်းကလဲ ကတိပေးပြီးသားကို"

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now