အပိုင်း(၉)

211 23 0
                                    

သူငယ်ချင်းနှယောက် စက်ဘီးနင်းလာရင်း ဒယ်ဂူးးးအထက်တန်းကျောင်းသို့‌ေရာက်လာတော့သည်။ရောက်တာနဲနဲ‌စောသေး၍ လူတအားမရှုပ်သေးး။

-"ဂျီဆူးရေ့ ငါတို့တအားများစောနေသေးလား။"

ဂျောင်ဟန့်ရဲ့အပြောကို ဂျီဆူးက

-"အေး စောတော့လည်း ကောင်းတာပေါ့ လာအတန်းရှာပြီး နောက်ဆုံးခုံသွားဦးရအောင်။‌ေစာစောလာတော့ လူလည်းမရှုပ်တော့ဘူးလေ ကောင်းတာပေါ့။"

တကယ်လည်းလူရှုပ်တာကိုဂျီဆူးမကြိုက်ပါ။အထက်တန်းကျောင်းကြီးဆိုတော့ လူတအားရှုပ်သည်။အမြို့မြို့အနယ်နယ်က ကျောင်းသူကျောင်းသားအသစ်တွေလည်း ဒီမှာပြောင်းလာတာတွေရှိတာမို့ နှစ်စဉ်ကျောင်းဖွင့်ခါစရက်တွေမှာ ပုံမှန်ရက်တွေထက် စည်ကားနေတက်သည်။ဂျီဆူးလို လူရှုပ်တာမကြိုက်တဲ့သူအတွက်တော့ ခုလိုသိပ်မရှုပ်သေးတဲ့ အချိန်လာပြီး အတန်းထဲမှာ ဂျောင်ဟန်နဲ့အတူ နောက်ဆုံးခုံဦးရတာ တကယ်သဘောကျပါသည်။

-"အေးးး သွားမယ်မြန်မြန်လာ ငါတို့ထက်စောတဲ့သူရှိလို့ နောက်ဆုံးခုံမရပဲနေအုံးမယ်။ငါတို့မှာ တကူးတက နောက်ဆုံးခုံလိုချင်လို့ အစောလာထားရတာ။လာရကျိူးနပ်အောင် နောက်ဆုံးခုံရမှဖြစ်မယ်။"

‌သူငယ်ချင်းနှယောက်စကားတပြောပြောနဲ့ အထက်တန်းနောက်ဆူံးနှစ်တွေထားရာ ဆာကူရာအဆောင်ကြီး၏ ဒုတိယထပ်သို့တက်လာခဲ့ပါသည်။ဆာကူရာဆောင်က သုံးထပ် ပထမအထပ်က ပထမနှစ်ခလေးတွေထားတာ ဒုတိယအထပ်က ဂျောင်ဟန်တို့လိုနောက်ဆုံးနှစ်သမားတွေ။တတိယအထပ်က ရုံးခန်းနဲ့တွဲလျှက်သား ဆရာ/ဆရာမတွေနားနေဆောင်။ဂျောင်ဟန်ခနခနရောက်တဲ့ရုံးခန်းလေ။ခုတော့ နီးသွားတာပေါ့ အပေါ်တစ်ထပ်တက်လိုက်ရုံပဲ တကူးတကသွားးစရာမလိုတော့ဘူးးး။

-"အိုးးးးးအိုခေ နောက်ဆုံးးခုံလွတ်သေးတယ် ‌ရက်စ်"

ဂျောင်ဟန့်ရဲ့ဝမ်းသားအားရရေရွတ်သံကြောင့် ဂျီဆူးပါကြည့်လိုက်မိတော့ တကယ်ပဲ နောက်ဆုံးခုံကလူမရှိသေးးး။တော်သေးတာပေါ့ အစောလာခဲ့ရကျိုးနပ်သွားပြီ။ အတန်းထဲမှာ တယောက်စနှစ်ယောက်စပဲရောက်သေးတယ် နောက်ဆုံးခုံလေးက ဘယ်သူမှမရှိသေးးး။ဂျီဆူးလည်း ပျော်သွားမိသည်။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now