အပိုင်း(၂၂)

309 29 7
                                    

‌စာမေးပွဲက လေးလပဲလိုတော့၍ အဆောင်မှူးဆရာမက‌ေကျာင်းကကျောင်းအုပ်ကြီးနဲ့သွားတွေ့ပြီး နားလည်မှုယူကာ ခလေးတွေကိုအဆောင်မှာပဲ စာလုပ်ခွင့်ရခဲ့လေသည်။ကျောင်းသွားစရာမလိုတော့ပေ။အဆောင်မှာပဲ အချိန်ပြည့်စာလုပ်ကြရသည်။မိန်းခလေး‌ေတွလည်း ယောက်ျားလေးဆောင်ဖက်မလာရတော့ မိန်းခလေးဆောင်ဖက်မှာသာ စာလုပ်ရတော့သည်။စာသင်ဝိုင်းကလည်း သင်ရမည့် costတွေပြတ်သဖြင့် ကိုယ်တိုင်ပဲ revisionပြန်လုပ်ရတော့သည်။မကြာခင်ဂိုက်ဆရာလည်းလာမယ်လို့တော့ပြောသည်။ခုတော့ ဂျီဆူးတို့ ယောက်ျားလေးဆောင်ဖက်တွင် ယောက်ျားလေးတွေချည်းးး လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး စာကိုသာ အာရုံစိုက်ခိုင်းထားသည်။

-"‌ဂျီ  ဆူးးးဟျောင်းးးပျင်းတယ်ဗျာ စာပဲလုပ်နေရတာ"

မင်ဂယူကဂျီဆူးနာမည်ကို အသံရှည်ဆွဲ‌ေခါ်ကာစာအုပ်ကြီးမလာပြီးဘေးလာကပ်ထိုင်သည်။မင်ဂယူဘေးကပ်လာသည်နဲ့  ဘယ်ကထဲကချောင်းနေမှန်းမသိတဲ့ ဒိုဂယောင်းကပါ ဂျင်ဖီလ်တို့နဲ့စာလုပ်နေရင်းက မလိမ့်တပတ်နဲ့ပြန်ရောက်လာသည်။

-"စာလုပ်ပါဆို ဘာပျင်းတာလဲ ကောင်စုတ်လေး ကျက်ရတာဖတ်ရတာပျင်းလာရင်  သခ်ျာတွက်နေလေကွာ စာမေးပွဲကနီးလာပြီ"

-"တွက်ဘူးးး ဂျောင်ဟန်ဟျောင်းကလည်း ကျွန်တော့်ကို အဖက်မလုပ်ဘူးးးဟင့်"

-"ဟိုကောင်လေး ဘာအဖက်မလုပ်တာလဲ သခ်ျာတူတူတွက်မယ်ဆိုတော့ တွက်ရမှာကြောက်လို့ ဂျီဆူးဘေးပြေးတာမဟုတ်ဘူးလား"

ဂျောင်ဟန်ကနောက်တန်းကနေလှမ်းပြောသည်။ဂျီဆူးသဘောတကျရီမိရင်း သခ်ျာတွက်ရမှာကြောက်တဲ့ကောင်လေးက အဂ်လိပ်စာဖတ်နေတဲ့ဂျီဆူးဘေးရောက်လာတာဖြစ်မည်။ဂျီဆူးခါးကိုဖက် ပခုံးပေါ်မှီရင်းးချွဲနွဲ့နေသည်။ဒိုဂယောင်းကပါ ဘေးပြန်ရောက်လာသည်။

-"ဟျောင်းးး သခ်ျာတွက်မယ် လာ"သခ်ျာမတွက်ချင်လို့ ဂျီဆူးဘက်ပြေးလာသူကို ဒိုဂယောင်းကပါ ကူနှိပ်သည်။

-"သွားးးမင်းသခ်ျာတွက်မယ်ဆို ဂျောင်ဟန်ဟျောင်းဘေးသွားး ငါနဲ့ဂျီဆူးဟျောင်းဘေးမလာနဲ့"

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Onde histórias criam vida. Descubra agora