အပိုင်း(၄၁)

315 40 15
                                    

-"သားလေးးးးဒီနေ့ပွဲရုံကလေ သားသွားမှာလားးး အမေသွားလိုက်ရမလားးး"

-"ဗျာ အမေ "

-"ဪ ပွဲရုံကမင်းသွားမှာလား အမေသွားရမလားလို့"

မင်ဂယူကအခန်းထဲမှာ ကိုကို့အတွက်အက်ျ ီတွေဝယ်ထားတာလေးတွေ ကိုပြန်ကြည့်ရင်းးး စီနေမိတာ။သွားရင်းလာရင်းး ဖြတ်သွားဖြတ်လာလမ်းမှာအက်ျ ီဆိုင်‌ေလးတွေတွေ့ရင် ဝင်ကြည့်မိတာ။ကိုကိုနဲ့လိုက်မယ့် အက်ျ ီဘောင်းဘီလေး‌ေတွ‌ေတွ့ရင် သဘောတကျ ဝယ်ထားတာ။ကိုကိုနဲ့တွေ့ရင် ပေးရအောင်လို့လေ။ဂျယ်ဂျူးနဲ့ဒယ်ဂူးဆိုတာ ခရီးဝေးလို့ပြောရအောင်ထိဝေးတာမဟုတ်ပေမယ့် ကိုကိုကသူ့ကိုခနခနလာတွေ့တာကို တားမြစ်ထားသည်။လမ်းခရီးမှာစိတ်မချလို့တဲ့လေ။မင်ဂယူ့ဆန္ဒအရသာဆိုရင်တော့ ကိုကိုလေးကိုတွေ့ဖို့ နာရီဝက်လေးဆယ့်ငါးမိနစ်မောင်းရုံ မကလို့ ငါးနာရီလောက်မောင်းရလဲ နေ့တိုင်‌းပြေးတွေ့မိမှာပင်။ကိုကိုက တပတ်တခါ တလတခါလောက်ပဲ လာတွေ့ရမယ်ဟု အမိန့်ထုတ်ထားသဖြင့် မလွန်ဆန်ရဲပါ။ရှင်ဘုရင်လေး အမျက်တော်ရှမှာကိုဒီကငယ်ကျွန်ကြီးကသေမိန့်ထက်ပင်ကြောက်ရွံရပါကြောင်း။အရင်လိုဆို ဒိုဂယောင်းနဲ့နှယောက် သတိရတိုင်းသွားတွေ့ဖြစ်မှာပင်။ခုတော့ သကောင့်သားကကျောင်းတက်နေသဖြင့် တယောက်ထဲသင်းကွဲနေရသည်။ရပါတယ် မင်ဂယူတို့ ကျောင်းတက်ရင်လည်းး ကိုကိုနဲ့တူတူနေရမယ်ဆိုတဲ့စိတ်နဲ့ပဲအလွမ်းတွေကို ဖြေသိမ့်နေရသည်။ဒါတောင် နေ့တိုင်းး အသံလေးကြားခွင့်တော့ပြုထားသေးလို့ နေသာထိုင်သာရှိရသည်။


-"ဟဲ့ကောင်လေး မေးနေတာကြားလားဟေ့ မောတယ်"

-"ဪ ဟုတ်အမေ့"

-"ဟုတ် အမေ့ကဘာတုန်းး သွားမှာလား မသွားဘူးလားးးးဟဲ့"


-"သားသွားမှာလိူ့ အမေ့ ဒီနေ့အမေနေခဲ့"

-"အေးအေးးး နင်သွားတော့ငါနားရတာပေါ့ ဟိုမှာ ဟန်နာလည်းရှိပါတယ် ဟဲ့ အမေစိတ်ချမယ်နော်။

"

အမေကမီးဖိုထဲကနေ လှမ်းအော်နေသည်။မင်ဂယူအိမ်မှာရှိကထဲက အမေ့ကိုပွဲရုံ သိပ်မသွားခိူင်းးတော့ အိမ်မှာပဲဖုန်းတလုံးနဲ့နေစေတော့သည်။မကြီးဟန်နာကလည်း မင်ဂယူ့ကိုသေချာသင်ပြပေးတာကောကြောင့် အမေကတခါတလေ အိမ်မှာပျင်းမှ လိုက်လာတက်တာများသည်။မင်ဂယူအလုပ်လေးလည်း လုပ်မှလေ မဟုတ်ရင်အားနေတော့ အချိန်ပြည့်ခေါင်းထဲ ကိုကိုယွန်းဂျောင်ဟန်ပဲနေရာယူနေတော့တာ။အဲ့လိုကျ ချက်ချင်းပြေးတွေ့ချင်စိတ်တွေပဲဖြစ်နေတာလေ။ခုလိုအလုပ်လေးလုပ်နေတော့မအားတော့ဘူးလေ။ဒါတောင်ဖုန်းလေးများပြောလိုက်မိရင် လုပ်စရာရှိတာအကုန်မေ့။ဒုက္ခပဲ မင်ဂယူတော့ဆေးမမှီတော့ဘူးလားမသိဘူးး။တရက်ထက်တရက် အတူရှိချင်စိတ် အနားမှာထားပြီးခြေတော်ရင်းမှာ ဝတ်တွားခယချင်စိတ်တွေဟာ တစတစကြီးထွားလာရတာ ဒါကြောင့် ကိုယ့်ကိုကိုယ်အနားမပေးရဲ အလုပ်ဆက်တိုက်လုပ်ရအောင် ပွဲရုံသာသွားမိသည်။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now