အပိုင်း(၃၇)

326 41 21
                                    

-"သားလေးတိူ့ ဒီမယ်ပက်စီ ဘူးတွေလာယူအူံးးး"

-"ဟုတ် အန်တီ့ လာပြီ လာပြီ "

-"ဆလက်ရွက်ကော လိုသေးလား ဂျောင်ဟန်။"

ဂျောင်ဟန်တို့လေးယောက်သားး အောင်စာရင်းထွက်ပြီးတဲ့ညနေမှာ ဂျီဆူးတို့အိမ်သွားကာ အသားကင်လုပ်စားကြတာဖြစ်သည်။လေးယောက်လုံးးဝမ်းသာနေကြသည်မှာ သိသိသာသာ။ပျော်ဆို လေးယောက်လုံးးးအောင်ကြတာကိုးး မိဘတွေကလည်းအတိုင်းထက်လွန်ပျော်နေကြသည်။အသားတွေကိုဈေးကဝယ်ပြီး ပင်လယ်စာတွေကို မင်ဂယူနဲ့ဒိုဂယောင်းအိမ်က အလုပ်သမားတွေလာပို့သဖြင့် စပရှယ်ပေါ့။တီယူကဆို အသုပ်တွေသုပ်ပေးလိူက်တာ ဂျီဆူးတို့အိမ်ပါစားရအောင်တဲ့လေ။

-"ခုတော့မလိုသေးဘူးးမမရှင်းးး လိုမှလာယူမယ်။"

-"ဟဲ့ နင်တို့ငါ့မစောင့်ပဲ စားနှင့်ကြပြီပေါ့လေ"

မမနာဘီက အပြင်ကပြန်လာလာချင်းအိတ်ပစ်ချကာ သူ့အခန်းထဲဝင်ပြီး ပေါ့ပေါ့ပါးပါးအဝတ်များလဲဝတ်ကာ ထွက်လာရင်းလှမ်းပြောသည်။

-"ဟုတ်ပါ့ဗျာ မမနာဘီကနောက်ကျနေတာကိုးးသားတို့ကစားနှင့်ပြီ ပြော ဘဲနဲ့သွားတွေ့နေတာမလားးး။"

ဂျောင်ဟန်ကမမနာဘီကို ပြောလိုက်သည်။မမနာဘီကတအား စ လို့ကောင်းတာလေ။စွာတေးလန်ဆိုတော့ ဂျောင်ဟန်ကလည်းးးစကားတက်တဲ့သူဆိုတော့ နှယောက်သားတွေ့တာနဲ့ တကျက်ကျက်စကားနိုင်လုကြတာဖြစ်သည်။



-"အေးးးနင်ပြောတဲ့င့ါတောင်မသိတဲ့ဘဲနဲ့တွေ့ချင်တာတောင် မတွေ့ရပါဘူးဟယ်။"


-"အဲ့တော့ ပြောချင်တာ မမနာဘီက ဘဲမရှိပါဘူးးပေါ့။"


-"သေချာတာပေါ့ဟယ်"


-"အံမယ် တကယ်ကြီးးး"


-"အဟုတ်တော် သူများပြောနေ နင်ကကော ဘယ်ကမိန်းမချောလေးတွေနဲ့တွဲနေလဲ ပြောစမ်းငါ့ကို။"

မမနာဘီရဲ့အပြောမှာ ဂင်မင်ဂယူတယောက်အသားကင်နေရာမှ ဆက်ခနဲ‌ဖြစ်သွားပြီး ကျွန်တော့် ဘက်ကိုလှမ်းကြည့်တာကို မျက်လုံးထောင့်မှမြင်လိုက်သည်။အဟင်းးးးသဝန်တိုလွန်းတဲ့ကောင်လေးကို ကလိကြမလားး။


ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now