အပိုင်း(၂၆)

378 34 7
                                    

ဆရာမကသူ့သူငယ်ချင်းအမေနာရေးကိုသွားမည်ဖြစ်၍ မင်ဂယူတို့ကိုတစ်နာရီစော၍အတန်းဖြုတ်ပေးခဲ့သည်။ဂျောင်ဟန်ဟျောင်းတို့ကလည်းပြန်သွားပြီ။ဒိုဂယောင်းကလည်း ဂျီဆူးဟျောင်းအိမ်လိုက်သွားမည်ဟုပြောသည်။အဆောင်မှာ မင်ဂယူတယောက်သာကျန်နေခဲ့သည်။ကျန်တဲ့ကောင်တွေကလည်းး ရေချိုးတဲ့သူကချိုးး ထမင်းစားတဲ့သူကစားနဲ့ လုပ်စရာရှိတာလုပ်နေကြသည်။မင်ဂယူကတော့ ဘာမှလုပ်ချင်စိတ်ရှိမနေပါ။ဘာလုပ်ရမှန်းလည်းမသိ မစဉ်းစားတက်တော့ ရင်ဘတ်ထဲကနာကျင်လွန်းသဖြင့် ဦးနှောက်ပါ ဗလာဖြစ်သွားတာလားမသိပါဘူးးး။ထမင်းစားရအောင်လည်း ဗိုက်ကမဆာ မနက်စာလည်းမဝင်တာကို ခုထိဗိုက်ဆာမလာ။ဂျောင်ဟန်ဟျောင်းရဲ့ 'မင်းငါနဲ့ ရှေ့လျှောက်လာမပတ်သတ်နဲ့တော့ 'ဆိုတာပဲ နားထဲမှာ ကြားယောင်နေမိသည်။တကယ်ပဲ ဟျောင်းနားအရင်လိုနေခွင့်မရှိတော့ဘူးလား။ဟျောင်းရဲ့အပြုံးလှလှလေးတွေဟာ မင်ဂယူ့အတွက်မပေးတော့ဘူးလားး။အရင်လိုသူငယ်ချင်းအဖြစ်လေးတောင် နေခွင့်မရတော့ဘူးနဲ့တူပါတယ်။

မင်ဂယူတယောက် စာသင်ခုံကမထပဲ ငြိမ်သက်စွာထိုင်နေရင်းစဉ်းစားနေသည်မှာ မျက်တောင်ပင်ခက်ဖို့မေ့နေသလားအောက်မေ့ရပါသည်။မျက်ကွင်းညိုညို  လူကောင်ထွားထွားနဲ့အမြဲလိုလိုမျက်လုံးကြည်တောက်တောက်လေးတွေဖြင့် ကြည်စင်နေအောင် ရယ်မောပျော်ရွှင်နေတက်တဲ့ happy virusလေးဟာ ယခုတွင်တော့ မျက်လုံးလေးတွေဟာ အသက်မဲ့စွာငြိမ်သက်နေသည်။မျက်နှာလေးဟာလည်းညှိးညှိုးငယ်ငယ်ဖြင့် ကူကယ်ရာမဲ့စွာ စာသင်ခုံပေါ်တွင်ထိုင်နေရှာသည်။ငယ်ရွယ်နုနယ်တဲ့အလျှောက် နှလုံးသားရေးပြဿနာကိုလည်းး မည်သို့မည်ပုံဖြေရှင်းရမည်ကို မသိရှာ။

-"အဟင့် ဟစ် "

မငိုပါပဲ မျက်ရည်တွေကသူ့အလိုလိုကျဆင်းလာသည်။ဒီမျက်ရည်တွေကမကုန်တော့ဘူးလားမသိပါဘူးး။ဟျောင်းကငိုတာမကြိုက်ပါဘူးဆို ဒီမျက်ရည်တွေက တခုခုဆိုအရင်ကျသည်။မင်ဂယူကဒေါသထွက်လည်း မျက်ရည်ကကျသည်။ဝမ်းနည်းလည်းမျက်ရည်ကျသည်။ဝမ်းသာ‌လည်း ဝမ်းသာမျက်ရည်ကကျပြန်သည်။ဟျောင်းစိတ်တိုတာလည်း အပြစ်မဟုတ်ပါဘူးလေ။ခုလည်း နည်းနည်းလေးတွေးမိတာနဲ့ မျက်ရည်ကထိန်းမရပြန် အဆက်မပျက်ကျလာသည်မှာ တာကျိုးတဲ့အတိုင်းပဲ။မင်ဂယူ့ကိုယ့်ကိုက်ုယ်လည်း အားမရပါ။တခုခုဆို ပြဿနာဖြေရှင်းရမယ့်အစား မျက်ရည်ကအရင်ကျသည်။


ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now