အပိုင်း(၁၄)

266 23 0
                                    

‌နောက်နှစ်ရက်နေရင် ဆောင်းဦးပိတ်ရက်ရောက်တော့မယ်ဖြစ်၍ ကျောင်းတွေလည်း ပိတ်တော့မည်ဖြစ်သည်။မင်ဂယူတို့လည်း ဆရာမမှ အဆောင်ပိတ်ပေးစေရန် ကြိုးစားပန်းစား စာလုပ်လာသည့်အတွက် ဆရာမကပိတ်ပေးမည်ဟု ကတိပေးလိုက်ပြီဖြစ်သည်။အကုန်လုံး အိမ်ခနပြန်ကြရမည်ဖြစ်၍ ဝမ်းသာနေကြသည်မှာ အတိုင်းထက်လွန်။

အကုန်ဝမ်းသာပျော်ရွှင်နေကြတဲ့ကြားထဲမှာ အိမ်မပြန်ဘူး အဆောင်မှာပဲနေခဲ့မယ်ဆိုကာ ထဖောက်သူက ဒိုဂယောင်းးး။ဆရာမက
မပြန်ပဲအဆောင်မှာကျန်ခဲ့လည်း ရတယ်တဲ့ စာလုပ်ချင်လုပ် မဟုတ်လည်း အဆောင်မှာပဲနားနေလို့ရသည်တဲ့လေ။ဘာလို့မပြန်ချင်တာလဲမေးတော့ အိမ်ပြန်ပြီးရင် အဆောင်ပြန်မလာချင်လို့ပါတဲ့လေ တယောက်ထဲဘာလုပ်ဖို့နေခဲ့မှာလည်း ပျင်းစရာကြီးးးး။ဂျောင်ဟန်ဟျောင်းနဲ့ဂျီဆူးဟျောင်း အိမ်ကအဆောင်နဲ့သိပ်မဝေးသဖြင့် သူတို့ကလည်းပြန်ကြမှာဖြစ်သည်။ဘင်းးးတို့ကောင်တွေ တသိုက်ဆို အထုတ်တောင်ပြင်နေကြပြီ။ဒိုဂယောင်းတို့အိမ်ကတော့ ပိတ်ရက်လာတွေ့မယ်လို့ ပြောပါသည်။သူ့အဘွားပါလိုက်လာမည်တဲ့။
နေပေါ့မပြန်လဲ။

-"ဂျောင်ဟန်ဟျောင်းးးး ဒိုဂယောင်းကမပြန်ဘူးးး‌ေးအဆောင်မှာတယောက်ထဲနေခဲ့မှာတဲ့ "

-"ဟုတ်လားးးး ဘာလို့တဲ့လဲ မင်းကပြန်မှာမလားးး"

-"ပြန်မှာ ဟျောင်းတို့နှယောက်လည်း ပြန်မှာမလားးးးး ခုချိန်ပဲပြန်လို့ရတော့မှာ စာမေးပွဲကခြောက်လလောက်ပဲလိုတော့တယ် နောက်ဆို ခုလိုပြန်ရတော့မှာမဟုတ်ဘူးးးး စာမေးပွဲကြီးပြီးမှပဲပြန်လို့ရတော့မှာ အဲ့တာကြောင့်ပြန်မှာ"

-"အင်း ပြန်မှာ ဂျီဆူးလည်းပြန်မှာလိူ့ပြောတယ်။ဂျီဆူးမပြန်တောင် သူ့မမတွေကလာခေါ်မှာ ဒါတောင် နေ့ခင်းပိုင်း ရေချိုးထမင်းစားခနပြန်လာရ‌ေသးတာကို သူတို့မှာ လွမ်းနေတာလေ ညအိပ်ညနေမခွဲဘူးတော့ "

ဟုတ်ပါသည်။ဂျီဆူးတို့အိမ်က တဦးထဲသောသားကို တအားသည်းကြပါသည်။ဂျောင်ဟန်တို့က ဒယ်ဂူးကပဲဖြစ်သဖြင့် အဆောင်နဲ့အိမ်ကလည်းမဝေးတော့ နေ့လည်စာကိုရေချိုးပြန်ရင်းနဲ့အိမ်မှာပဲစားသည်။အချိန်တစ်နာရီပဲအိမ်ပြန်ခွင့်ပေးတော့ ကပျာကယာ ရေချိုးထမင်းစားပြီး အဆောင်ပြန်လာရတာပါပဲ။ စာသင်ချိန်တွေကသူံးနာရီမှစပေမယ့် ဆရာမကအိမ်ပြန်ချိန်ကိုတော့ တစ်နာရီသာပေးသည်မှာ သူ့စည်းကမ်းပေါ့။
အဆောင်ပြန်ရောက်မှ အိပ်ချင်အိပ် စာသင်ချိန်မစခင် စာလုပ်ချင်လုပ်ပေါ့။အဆောင်ကကောင်တွေအကုန်လုံးကတော့ အိပ်ကြတာများပါသည်။ဂျောင်ဟန်တို့လည်း အိမ်ကပြန်လာ အပေါ်တက်အိပ်တာပဲ သူံးနာရီထိုးခါနီးမှ အောက်ဆင်းလာပြီး စာသင်ခန်းထဲဝင်ထိုင်ကြတာဖြစ်သည်။

ဤမှန်ကန်သော ချစ်ခြင်း‌မေတ္တာများကြောင့်Where stories live. Discover now